BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG က ကာချုပ်အသစ်ခန့်တယ်ဆိုတဲ့...
သတင်းအတု

NUG က ကာချုပ်အသစ်ခန့်တယ်ဆိုတဲ့ သတင်းအမှား

NUG အစိုးရက ကာကွယ်ရေးဦးစီးချုပ်အသစ် ခန့်အပ်ကြောင်း ကြေညာတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  19 Oct 2022 7:59 AM IST
  • NUG က ကာချုပ်အသစ်ခန့်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လည်ပိုင်းမှ စတင်ပြီး ဖြန့်ဝေလာတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'NUG ကာချုပ်အသစ် ခန့်အပ်ကြောင်း ကြေညာ' လို့ ရေးသားကာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့ အတူ ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG က ကာချုပ်အသစ်ခန့်အပ်ကြောင်း ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ NUG က ကာချုပ်အသစ်ခန့်အပ်တယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနတွေမှာမှ ဖော်ပြထားတာ မရှိသလို NUG အစိုးရလက်အောက်က ကာကွယ်ရေးဝန်ကြီးဌာနရဲ တရားဝင် ဖေစ့်ဘွတ်ပေချ့်နဲ့ ဝဘ်ဆိုက်တွေမှာလည်း ကြေငြာထားတာမရှိပါဘူး။

    Ministry of Defence - National Unity Government of Myanmar ဖေစ့်ဘွတ်ပေချ့်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဆိုက်တွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်တွေကို ဝင်ကြည့်ရင် ငွေမောင်းသံ မီဒီယာ မှာ အောက်တိုဘာလ ၁၆ ရက်နေ့က ဖော်ပြထားတဲ့ ဆောင်းပါးရှင် အောင်နိုင်ရဲ့ NUG အစိုးရရဲ့ စစ်သေနာပတိချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် ဆိုတဲ့ ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။


    ဒီကိုယ်ပိုင်အတွေးအမြင် ဆောင်းပါးထဲမှာ NUG အစိုးရရဲ့ ကာကွယ်ရေးဦးစီးချုပ် ဆိုတဲ့ အသုံးအနှုန်းအပေါ် သူ့ရဲ့ အမြင်ကို ရေးသားဖော်ပြထားချက်တွေသာ ပါဝင်ပြီး NUG က ကာချုပ်အသစ်ခန့်အပ်တယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်း မရှိပါဘူး။

    ငွေမောင်းသံ မီဒီယာမှာ ဖော်ပြထားတဲ့ မူရင်းဆောင်းပါးကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    စစ်သေနာပတိချုပ်ကာကွယ်ရေးဦးစီးချုပ်Chief of Defenseappointment of a new Chief of Defenseကာချုပ်အသစ်ခန့်အပ်
    Read Full Article
    Claim :   NUG အစိုးရက ကာကွယ်ရေးဦးစီးချုပ်အသစ် ခန့်အပ်ကြောင်း ကြေညာ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!