BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်နဂါးကို အကြမ်းဖက်အဖွဲ့အဖြစ်...
သတင်းအတု

ဗိုလ်နဂါးကို အကြမ်းဖက်အဖွဲ့အဖြစ် NUG သတ်မှတ်တယ်ဆိုတဲ့ သတင်းအမှား

ဗိုလ်နဂါးတို့ အဖွဲ့ကို NUG က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း တရားဝင်ထုတ်ပြောလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Dec 2023 7:09 PM IST
  • ဗိုလ်နဂါးကို အကြမ်းဖက်အဖွဲ့အဖြစ် NUG သတ်မှတ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့Third News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဗိုလ်နဂါးနဲ့ပတ်သက်ပြီး NUGဘက်က တရားဝင်ထုတ်ပြောလိုက်ပြီ။ ဗိုလ်နဂါးကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး သမ္မတရုံးလေသံပြောင်းသွားပြီ။ ရှင်းလင်းတော့မှာလား’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်နဂါးကို အကြမ်းဖက်အဖွဲ့အဖြစ် NUG သတ်မှတ်တယ်ဆိုတဲ့ ကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အခုဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ဟာ TM MEDIA မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားတဲ့ ‘ဗိုလ်နဂါးအဖွဲ့သားတွေကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး NUG အစိုးရရဲ့သဘောထား။ သမ္မတရုံးပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်ရဲ့ပြောဆိုချက်’ ဆိုတဲ့ အင်တာဗျူးက ရုပ်သံဖိုင်ကို ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဒီအင်တာဗျူးမှာ TM MEDIA က NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးကျော်ဇော်ကို ဆက်သွယ်မေးမြန်းထားတာပါ။


    အင်တာဗျူးထဲမှာ TM MEDIA နဲ့ ဦးကျော်ဇော်တို့ရဲ့ အမေး၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    TM MEDIA။ ။ ဒီလိုပြဿနာတက်တာက ဗိုလ်နဂါးတို့ အဖွဲ့နဲ့တင်မဟုတ်ပဲ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလည်း PDO/PDA ပြည်သူ့ဒီမိုကရက်တစ်တပ်မတော် အဖွဲ့က ၆ ယောက်ကို ဖမ်းဆီးတာမျိုးရှိတယ်။ နောက် နေရာတော်တော် များများမှာလည်း NUG လက်အောက်ခံ မဟုတ်တဲ့သူကို ဒီစစ်ကိုင်းထဲမှာ မရှိစေချင်ဘူး၊ NUG လက်အောက်ခံ မဟုတ်တဲ့သူဟာ တရားဝင်မဟုတ်ဘူး။ တရားမဝင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တယ်၊ တချို့နေရာတွေမှာဆို အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ် ဆိုတာမျိုး ပြောကြတာတွေတောင် ရှိတယ်လို့ တစ်ကြိမ်မက ကြားရာတာတွေ ရှိပါတယ်။ NUG မှာ အဲ့လို ပေါ်လစီပဲ တကယ်ရှိလေသလား။ ဒါမှမဟုတ် အောက်ခြေမှာပဲ ဖြစ်နေတာလား။ အဲ့ဒါနဲ့ ပက်သတ်ပြီး နည်းနည်းရှင်းပြပေးပါ။

    ဦးကျော်ဇော်။ ။ အကြမ်းဖက်လို့ ကြေညာတာ ဒေသခံအဖွဲ့အစည်းတွေက ကြေညာခွင့် မရှိဘူး။ အစိုးရကသာ ကြေညာတယ်။ ကျွန်တော်တို့အစိုးရကနေ တရားဝင်ကြေညာတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီထဲမှာ ခုနပြောတဲ့ အဖွဲ့တွေပါတာ ကျွန်တော်တော့ မသိပါဘူး။ ဒီတော့ ဒီအကြမ်းဖက်အဖွဲ့လို့ ပြောဆိုတယ်ဆိုတာ ပုဂ္ဂလိက တစ်ဦးချင်းအနေနဲ့ သူတို့ဖာသာသူတို့ ပြောတာဖြစ်မယ်။ ဒါအစိုးရရဲ့ မူဝါဒလည်း မဟုတ်ဘူး။ အစိုးရကတော့ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တည်ဆောက်ကြဖို့၊ ကျွန်တော်တို့ရဲ့ common structure အောက်မှာ တူတူ မရှိတောင်မှ ညှိနှိုင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်ဘို့ဆိုတာ ကျွန်တော်တို့ရဲ့ မူဝါဒပါ။

    သမ္မတရုံး ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးကျော်ဇော်ရဲ့ အဖြေထဲမှာ NUG အနေနဲ့ ဗိုလ်နဂါးတို့အပေါ် ဒီလိုသတ်မှတ်တာ မဟုတ်ကြောင်း၊ သူ့ရဲ့ ပြောဆိုချက်တွေဟာ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ သဘောထားလည်း ဖြစ်ပြီးတော့ သူ့မိန့်ခွန်းတွေထဲမှာလည်း အခါခါထည့်သွင်း ပြောကြားနေတာဖြစ်တဲ့အကြောင်း ပြောကြားသွားပါတယ်။

    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ ဗိုလ်နဂါးတို့ကို NUG က အကြမ်းဖက်အဖွဲ့ဆိုပြီး သတ်မှတ်တယ်ဆိုတာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။

    TM MEDIA နဲ့ ဦးကျော်ဇော်တို့ရဲ့ အင်တာဗျူးကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    terrorist groupdeclareအကြမ်းဖက်အဖွဲ့Fake newsသတင်းအမှားNUG သတ်မှတ်
    Read Full Article
    Claim :   ဗိုလ်နဂါးကို အကြမ်းဖက်အဖွဲ့အဖြစ် NUG သတ်မှတ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!