BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒု တပ်ချုပ် စိုးဝင်း သေဆုံးကြောင်း...
သတင်းအတု

ဒု တပ်ချုပ် စိုးဝင်း သေဆုံးကြောင်း မြဝတီသတင်းမှာ ကြေညာတယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သေဆုံးကြောင်း မြဝတီသတင်းမှာ ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 April 2024 5:30 PM IST
  • ဒု တပ်ချုပ် စိုးဝင်း သေဆုံးကြောင်း မြဝတီသတင်းမှာ ကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒုချုပ်စိုးဝင်းသေဆုံးကြောင်း နိုင်ငံတော်အဆင့်ကြေညာ။ ဒရုန်းဒဏ်ရာ ကုသရင်း သေဆုံးကြောင်း နိုင်ငံပိုင် MWD မှ ကြေညာ။ ဒုချုပ်နေရာ အစားထိုးခန့်အပ်ပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းနီးပါး ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒု တပ်ချုပ် စိုးဝင်း သေဆုံးကြောင်း မြဝတီသတင်းမှာ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဧရာဝတီ သတင်းဌာနမှာ ဧပြီလ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'ဒု တပ်ချုပ် စိုးဝင်း ပျောက်ကွယ်နေမှု ပဟေဠိ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဧရာဝတီ သတင်းဌာနက ဖော်ပြထားတဲ့ သတင်းထဲမှာ လူမြင်ကွင်းက ကာလအတန်ကြာ ပျောက်နေတဲ့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းအကြောင်း ရေးသားထားတာပါ။ ဧပြီလ အစောပိုင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ဒဏ်ရာရသွားတယ်လို့ ပြောဆိုနေကြတဲ့ ဒုချုပ်စိုးဝင်းဟာ ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာလည်း ပေါ်မလာဘဲ ပျောက်နေကြောင်း ရေးသားထားတာပါ။

    ဧရာဝတီ သတင်းဌာနရဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒုချုပ်စိုးဝင်း သေဆုံးတယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီပိုင် မြဝတီသတင်းဌာနမှာ ဖော်ပြထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ဒုချုပ်စိုးဝင်းGeneral Soe Winဒရုန်းတိုက်ခိုက်မှုဒုချုပ်သေဆုံးဒုစစ်ခေါင်းဆောင်သတင်းမှားFakenewsClickbaitsMilitary Coup
    Read Full Article
    Claim :   ဒု တပ်ချုပ် စိုးဝင်း သေဆုံးကြောင်း မြဝတီသတင်းမှာ ကြေညာတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!