BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာနိုင်ငံကို R2P အရေးယူမှု...
သတင်းအတု

မြန်မာနိုင်ငံကို R2P အရေးယူမှု စတင်တယ်ဆိုတာ မဟုတ်ပါ

မြန်မာနိုင်ငံကို R2P အတိုင်းအရေးစယူပြီး UN တပ် နှစ်သောင်းကျော် ဝင်လာဖို့ အသိပေးကြေညာလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Sept 2022 8:56 PM IST
  • မြန်မာနိုင်ငံကို R2P အရေးယူမှု စတင်တယ်ဆိုတာ မဟုတ်ပါ

    ဒီအကြောင်းအရာကို စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းမှားတွေ အများအပြားဖြန့်ဝေနေတဲ့ News of Myanmar TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဒီသတင်းအမှားကို 'R2p အက်ရှင်စပြီ။ အရေးကြီးသတင်း။ အသိပေးကြေညာချက်' လို့ရေးသားကာ ၁၄ မိနစ်ကျော်ကြာချိန်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုရဲ့ ကာဗာမှာလည်း 'R2p အက်ရှင်စပြီ။ UN တပ် ၂၀၀၀၀ ကျော် ဝင်လာဖို့ အသိပေး ကြေညာပြီ' ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေမှုမှာ ပါဝင်တဲ့ ဗွီဒီယိုဖိုင်ကို ဖွင့်ကြည့်ပါက R2P အက်ရှင်စပြီဆိုတဲ့ အကြောင်းအရာနဲ့ UN တပ် ၂၀၀၀၀ ကျော် ဝင်လာဖို့ အသိပေး ကြေညာပြီဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ခြင်းမရှိပါဘူး။ ဗီဒီယိုဖိုင်ထဲမှာ အမျိုးသားတစ်ဦးက လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် အရေးယူမှု မရှိတဲ့အပေါ် မလေးရှားဝန်ကြီးချုပ် ဝေဖန်တယ်ဆိုတဲ့ အကြောင်းကို နောက်ခံစကားပြောနဲ့ ပြောထားတာပဲ ဖြစ်ပါတယ်။

    အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို R2P အတိုင်း အရေးယူပေးဖို့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့က ပြီးခဲ့တဲ့ လတွေအတွင်းမှာ ဆက်တိုက် တောင်းဆိုမှုတွေ လုပ်ထားတာရှိပေမယ့် တိကျတဲ့ အဖြေတစ်ခုတော့ မရရှိသေးပါဘူး။

    လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် အရေးယူမှု မရှိတဲ့အပေါ်ကို မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မေရိကန်နိုင်ငံ နယူးရောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။

    ဒါကြောင့် ခုဖြန့်ဝေနေတဲ့ R2P အက်ရှင်စပြီ။ UN တပ် နှစ်သောင်းကျော် ဝင်လာဖို့ အသိပေးကြေညာပြီ ဆိုတာတွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    R2P actionUN တပ်လုံခြုံရေးကောင်စီကုလသမဂ္ဂ အထွေထွေညီလာခံMilitary Coup MyanmarR2P
    Read Full Article
    Claim :   မြန်မာနိုင်ငံကို R2P အတိုင်းအရေးစယူပြီး UN တပ် နှစ်သောင်းကျော် ဝင်လာဖို့ အသိပေးကြေညာလိုက်ပြီ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!