BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာနိုင်ငံအတွင်း...
သတင်းအတု

မြန်မာနိုင်ငံအတွင်း လေယာဉ်ပျံသန်းမဲ့ဇုန်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

လူအခွင့်အရေး ချိုးဖောက်မှု ဆိုရွားမှုဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံအတွင်း လေယာဉ်ပျံသန်းမဲ့ဇုန်အဖြစ် သတ်မှတ်လိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  14 Feb 2023 6:23 PM IST
  • မြန်မာနိုင်ငံအတွင်း လေယာဉ်ပျံသန်းမဲ့ဇုန်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဇန်နဝါရီလ အစောပိုင်းနဲ့ လကုန်ပိုင်းတွေမှာ ဆက်တိုက်ဖြန့်ဝေနေတာဖြစ်ပြီး ဖေဖေါ်ဝါရီလအတွင်းမှာလည်း ထပ်မံဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘လေယာဉ်ပျံသန်းမဲ့ဇုန် သတ်မှတ်လိုက်ပြီ။ မြန်မာနိုင်ငံအတွင်း လေယာဉ်ပျံသန်းခွင့် ပိတ်လိုက်ပြီ။ လူအခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံးဖြစ်နေဟု ထုတ်ပြန်လိုက်ပြီ’ ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ရေးသား ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို ရပ်ဆိုင်းဖို့တောင်းဆိုတဲ့ No Fly Zone လှုပ်ရှားမှုကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ထည့်သွင်းတောင်းဆိုတာတွေ ပြုလုပ်နေပေမယ့် လေယာဉ်ပျံသန်းမဲ့ဇုန်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတာတော့မဟုတ်ပါဘူး။

    ဒီသတင်းနဲ့ ပတ်သက်ပြီး အခြားပြည်တွင်း ပြည်ပသတင်းဌာနတွေမှာ ဖော်ပြထားတာမရှိသလို NUG ရဲ့ သတင်းထုတ်ပြန်ရေး မီဒီယာတွေမှာလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာ အခြားသတင်းဌာနတွေရဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ထည့်သွင်း ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပေးဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်မည့် Safe Zone သတ်မှတ်ပေးရေးကို ပြီးခဲ့တဲ့နှစ် အစောပိုင်းက တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ တောင်းဆိုထားခဲ့ပါသေးတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ခန့်အပ်ရန် နိုင်ငံရေးအကျဉ်းသားများက အချက် ၅ ချက်ပါ အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံရုံးတွေနဲ့ မီဒီယာတွေထံ ပေးပို့တောင်းဆိုရာမှာလည်း စစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေတဲ့အတွက် မြန်မာနိုင်ငံကို No Fly Zone အဖြစ် ကြေညာပေးရန်တောင်းဆိုခဲ့ပါတယ်။

    Tags

    No Fly Zone လှုပ်ရှားမှုNo Fly Zoneလေယာဉ်ပျံသန်းမဲ့ဇုန်လူအခွင့်အရေးFakenewsMilitary CoupMyanmar military coup
    Read Full Article
    Claim :   လူအခွင့်အရေး ချိုးဖောက်မှု ဆိုရွားမှုဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံအတွင်း လေယာဉ်ပျံသန်းမဲ့ဇုန်အဖြစ် သတ်မှတ်လိုက်ပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!