BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းနိုင်ငံ မဲဆောက်မှာ PDF ၂၀၀...
သတင်းအတု

ထိုင်းနိုင်ငံ မဲဆောက်မှာ PDF ၂၀၀ ကျော် ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံ မဲဆောက်မှာ PDF ၂၀၀ ကျော် ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီအားပေးထောက်ခံတဲ့ တယ်လီဂရန်အကောင့်တွေနဲ့ ဖေစ့်ဘွတ်ပေါ် မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 March 2023 10:59 AM IST
  • ထိုင်းနိုင်ငံ မဲဆောက်မှာ PDF ၂၀၀ ကျော် ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက စတင်ပြီး စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်အကောင့်တွေနဲ့ ဖေစ့်ဘွတ်ပေါ်မှာ ရေးသားဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ တိုက်တန်းလျားတစ်ခုရှေ့မှာ ထိုင်းအာဏာပိုင်တွေ စစ်ဆေးနေတဲ့ ဓါတ်ပုံတွေအချို့နဲ့ ဒရုန်းပစ္စည်းအများအပြားပါဝင်တဲ့ ဓါတ်ပုံတွေနဲ့အတူ 'ထိုင်းနိုင်ငံ မဲဆောက်မှာ PDF ၂၀၀ ကျော် ဖမ်းမိတဲ့ သတင်းက ဒီနေ့ ၂၀၂၃၊ မတ် ၂၂ အတွက်အထူးခြားဆုံးပဲ။ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ' လို့ ရေးသားဖြန့်ဝေထားတာပါ။

    အချို့ဖြန့်ဝေမှုတွေမှာတော့ ‘မဲဆောက်တွင် မြန်မာများနေထိုင်သော အဆောက်အဦးများ ထိုင်းစစ်တပ် စီးနင်း၊ မြန်မာ ၈၀ကျော် ဖမ်းဆီးခံရ’ လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေ နေထိုင်တဲ့ လေးထပ်အိမ်ယာဝင်းတစ်ခုကို မတ်လ ၂၂ ရက် နေ့လယ် ၁ နာရီခန့်က ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပေမယ့် မြန်မာလူငယ် အမျိုးသား ၂ဦးကိုပဲ ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်ပါတယ်။

    ဒီသတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။

    သတင်းတွေထဲမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်မှာရှိတဲ့ မြန်မာနိုင်ငံသားအများစု နေထိုင်တဲ့ လေးထပ်အိမ်ယာဝင်း တစ်ခုကို မတ်လ ၂၂ ရက် နေ့လယ် ၁ နာရီခန့်က ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသား ၁၀၈ ဦးကို ယာယီထိန်းသိမ်း စစ်ဆေးခဲ့ရာမှာ ၁၀၆ ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်ကြောင်း၊ မြန်မာလူငယ် အမျိုးသား ၂ဦးကိုတော့ စစ်ဘက်ဆိုင်ရာပစ္စည်းအချို့ ရှာဖွေတွေ့ရှိတဲ့အတွက် မဲဆောက်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဖော်ပြထားပါတယ်။


    သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    မဲဆောက်မှာ PDF ၂၀၀ ကျော် ဖမ်းမိတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ စစ်ကောင်စီထောက်ခံအားပေးသူတွေက တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    PDF ၂၀၀ ကျော်ဖမ်းမိ200 PDFs were caughtLobbyingMilitary coupထိုင်းနိုင်ငံမဲဆောက်မြို့Mae sotThailandFakenews
    Read Full Article
    Claim :   ထိုင်းနိုင်ငံ မဲဆောက်မှာ PDF ၂၀၀ ကျော် ဖမ်းမိတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!