BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျောက်မဲ တိုးဂိတ်မှာ တိုက်ပွဲအတွင်း...
သတင်းအတု

ကျောက်မဲ တိုးဂိတ်မှာ တိုက်ပွဲအတွင်း TNLA နဲ့ PDF တပ်ဖွဲ့ဝင် အများအပြား သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ တိုးဂိတ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရာကျော် သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2023 9:04 AM IST
  • ကျောက်မဲ တိုးဂိတ်မှာ တိုက်ပွဲအတွင်း TNLA နဲ့ PDF တပ်ဖွဲ့ဝင် အများအပြား သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေ နေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ '၂၀၂၃ ခုနှစ် နိုဝင်္ဘာ(၂၇)ရက် (၁၉း၁၀)အချိန်။ ကျောက်မဲမြို့ အေးရှားဝေါတိုးဂိတ်ကို ဝင်လုံးစဉ် ကျောက်မဲနမ့်ဟူးတောင်း သင်္ချိုင်းအနီး စုဝေးနေသိ "TNLA+PDF" ရန်သူ (၆၀၀) ကျော်ကို တပ်မတော်(လေ)တိုက်ခိုက်ရေးရဟတ်ယာဉ်မှ ပေ(၅၀၀) အကွာမှ အနီးကပ်ပျံသန်း တိုက်ခိုက်ရာ "TNLA+PDF"(၂၈၈)လောင်း။ စိုးရိမ်ဒဏ်ရာရ(၁၆၀)။ သာမာန်ဒဏ်ရာရ(၈၀)ကျော် တို့ကို ည (၁၁းဝဝ) အချိန်မှ စတင်ကာ ကရောင်း(၃)စီး၊ ကရောင်း(၁)စီး၊ 4 Wheel (၅)စီးဖြင့်(၂)ခေါက် မောင်ဖုန်းတောင်ကို သယ်ယူလိုက်ရကြောင်း ခြိမ်းခြောက်ခြောက်လှန့် အနိုင်ကျင့် ချောဆွဲခံရသည့် လက်ရှိဒေသခံ ယာဉ်ယန္တယား ယာဉ်ပိုင်ရှင်များမှာ ၎င်းတို့၏ မော်တော်ယာဉ်များ အပေါ် အလောင်းများ သယ်ယူအသုံးပြုမှု့အား ကျေနပ်မှု့မရှိ၍ ရန်သူနှင့်ဒေသခံရှမ်းတိုင်းရင်းသားတို့ ပြဿနာများ ဖြစ်ပေါ်နေကြောင်း တင်ပြအပ်' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ အကြိုက် လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းမှားသာ ဖြစ်ပါတယ်။

    နိုဝင်ဘာ ၂၇ ရက်နေ့က ကျောက်မဲနဲ့ သီပေါကြားက ကျောက်မဲတိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တိုးဂိတ်အဆောက်အအုံ၊ ဂိတ်အနီးရှိ ကုန်ကား ၃ စီး၊ ပန့်စက်သုံးဆီဆိုင် တစ်ဆိုင်တို့ မီးလောင်ပျက်စီးပြီး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


    Myanmar Now သတင်းဌာနမှာ ဖော်ပြထားချက်အရ ကျောက်မဲတိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့အကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နောင်ချိုဘက်မှ ကျောက်မဲမြို့အဝင်ရှိ ခြေမြန်တပ်ရင်း အမှတ် (၅၀၂) တပ် စခန်းဝင်းအထိ ပြန်တပ်ဆုတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုအပြီး ည ၇ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက် ခဲ့ကြောင်း၊ မီးလောင်နေသော ဆီဆိုင်အနီး အမျိုးသား၊ အမျိုးသမီး ခွဲခြားမရသော မီးသင့်အလောင်း ၄ လောင်း တွေ့ရှိခဲ့ရကြောင်း ဒေသ အခြေစိုက် နမ့်ခုံးရှမ်းများပရဟိတအသင်း (ကျောက်မဲအသင်းခွဲ) ထံက သိရတယ်လို့ ရေးသားဖော်ပြ ထားပါတယ်။

    အလားတူ Shwe Phee Myay News Agency က ဖော်ပြထားတဲ့ သတင်းမှာလည်း ဆီဆိုင်အနောက်က ရုံထဲမှာ သေဆုံး အလောင်း ၄ လောင်းတွေ့တယ်လို့ ရေးသားထားပါတယ်။

    သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေကြားမှာ ဝါဒဖြန့်ရုံသက်သက် ဖြန့်ဝေနေတာဖြစ်ပြီး စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့အစည်းတွေမှာလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။

    လက်ရှိမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့အပြားမှာ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် စစ်တပ်ထောက်ခံသူတွေဟာ လုပ်ကြံသတင်းတွေ ဖြန့်ဝေပြီး ဝါဒဖြန့်တာတွေ များပြားလာတာ တွေ့ရပါတယ်။

    Tags

    ရှမ်းမြောက်တိုက်ပွဲKyaukme toll gateကျောက်မဲတိုးဂိတ်Fakenewsလေကြောင်းတိုက်ခိုက်Lobbying
    Read Full Article
    Claim :   ကျောက်မဲ တိုးဂိတ်မှာ တိုက်ပွဲအတွင်း TNLA နဲ့ PDF တပ်ဖွဲ့ဝင် အများအပြား သေဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!