BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်ချုပ်ဇော်မင်းထွန်း...
သတင်းအတု

ဗိုလ်ချုပ်ဇော်မင်းထွန်း မိုင်းထိသေတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်​ကောင်စီ​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်း သေဆုံးကာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အရေးပေါ်ရောက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 Feb 2024 8:05 AM IST
  • ဗိုလ်ချုပ်ဇော်မင်းထွန်း မိုင်းထိသေတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာနဲ့ ပက်သတ်ပြီး သတင်းဌာနအချို့မှာ အတည်မပြုနိုင်တဲ့ သတင်းအဖြစ် စတင်ဖော်ပြရာကနေ သတင်းအမှား ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Youtube ချန်နယ်အချို့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း သေတယ်ဆိုပြီး အတိအကျ ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို Khit Thit top news ဆိုတဲ့ Youtube ချန်နယ်နဲ့ Naypudaw Khit Thit ဆိုတဲ့ ချန်နယ်တွေမှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှု့သူ သိန်းနဲ့ချီပြီး ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ ဗိုလ်ချုပ်ဇော်မင်းထွန်း ရုပ်ပုံပါတဲ့ Thumbnail ပေါ်မှာ 'ဇော်မဲလုံး ပွဲချင်းပြီးသေပြီ။ ဇော်မဲလုံး မိုင်းဆွဲခံရပြီး သေပြီဟေ့။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အရေးပေါ် ရောက်ပြီ။ စီးလာတဲ့ မာစီးဒီးကားကြီး ကျွမ်းပြန်သွားတာဗျို့' လို့ ရေးသားထားပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာတော့ 'ဗိုလ်ချုပ်ဇော်မင်းထွန်း နာရေးသတင်း။ ဇော်မဲလုံး မိုင်းခွဲလုပ်ကြံခံရ။ ကျန်ဗိုလ်ချုပ်တွေလည်း ကြောက်ပြီး နှုတ်ထွက်ဖို့ လုပ်နေကြပြီ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်ချုပ်​ဇော်မင်းထွန်း သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ People's Spring သတင်းဌာနမှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဖော်ပြထားတဲ့ ‘စစ်​ကောင်စီအရာရှိများလိုက်ပါယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦး​သေပြီး မိုင်းထိ​သောမာစီးဒီးကားကိုထားခဲ့’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။


    ဒီသတင်းရဲ့ ကနဦးဖော်ပြချက်မှာ ‘စစ်​ကောင်စီ ပြန်ကြား​ရေးတာဝန်ခံ ဗိုလ်ချုပ်​ဇော်မင်းထွန်း ပါရှိ​ကြောင်း သတင်းထွက်​ပေါ်​ နေ​သော်လည်း အတည်မပြုနိုင်​သေး’ လို့ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ သတင်းကို ‘စစ်​ကောင်စီ​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်း မပါဘဲ ၊စစ်​ကောင်စီပြန်ကြား​ရေးဒုဝန်ကြီး ဦးရဲတင့်ပါဝင်​’ လို့ ပြန်လည် ပြုပြင်ရေးသားထားပါတယ်။

    သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဖြစ်စဉ်မှာ စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်က ပြန်လာတဲ့ စစ်ကောင်စီအရာရှိတွေ ပါလာတဲ့ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့တွေက ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခဲ့တာလို့ သိရပါတယ်။

    သတင်းမှာ ဖော်ပြထားချက်အရ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

    လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ သတင်းပြန်ကြားရေး ချန်နယ်တွေမှာ အွန်လိုင်းလောင်းကစားမှုနဲ့ ပက်သတ်‌ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုမှု အသံဖိုင်ကို ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ရှိပါတယ်။

    ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    mine explosionမိုင်းဆွဲတိုက်ခိုက်ဝန်ကြီးချုပ်လုပ်ကြံယာဉ်တန်းမိုင်းထိMisinformationmilitary coupMilitary Council
    Read Full Article
    Claim :   ဗိုလ်ချုပ်ဇော်မင်းထွန်း မိုင်းထိသေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!