BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNPP အဖွဲ့နှင့် PDF တွေ ...
သတင်းအတု

KNPP အဖွဲ့နှင့် PDF တွေ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

KNPP အဖွဲ့နှင့် PDF တွေဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတဆင့် ဝါဒဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  26 Jan 2022 11:33 AM IST
  • KNPP အဖွဲ့နှင့် PDF တွေ  စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီဝါဒဖြန့်ဝေတဲ့ သတင်းကို စစ်ကောင်စီလက်အောက်ခံ မြဝတီနဲ့ မြန်မာ့အသံ သတင်းဌာနတွေမှာ ဇန်နဝါရီ ၂၃ ရက်နေ့က စတင်ဖော်ပြခဲ့ပြီးနောက် စစ်တပ်ထောက်ခံသူတွေက လူမှုမီဒီယာတွေပေါ်မှာ ထပ်မံရေးသားဖြန့်ဝေခဲ့တာပါ။

    ဒီအကြောင်းအရာကို ဖြန့်ဝေရာမှာ "ကယားပြည်နယ် လွိုင်ကော်မြို့အနီး KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း။ PDF အဖွဲ့များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဂေါ်ရခါးရွာမှာ ခိုအောင်းနေပြီး တပ်မတော်ရဲ့ တိုက်ခိုက် ချေမှုန်းမှုကြောင့် ရွာအနောက်မြောက်ဘက်က ဟိုဖိတ်ရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ဟိုဖိတ်ရွာသို့ ဝင်ရောက် ရှင်းလင်းစဉ် ဒေသခံတွေကို လူသားတံတိုင်းအဖြစ်အသုံးချကာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ ဖမ်းဆီးလာခဲ့တဲ့ ဦးစိုးထွေး (၅၀)နှစ် နှင့် အမည်မသိအမျိုးသမီး ၁ ဦးကို ထိပ်တုံးခတ်လျက် တွေ့ရကြောင်း၊ အမျိုးသမီးမှာ မျက်လုံးများ ထိုးဖောက်ခံထားရတဲ့ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး ဦးစိုးထွေးမှာ ထိုးကြိတ်ရိုက်(စိုးရိမ်ရ)ဒဏ်ရာတွေနဲ့ ဖြစ်ကြောင်း" ရေးသားထားပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီလုပ်ကြံဝါဒဖြန့်ဝေတဲ့ သတင်းနဲ့ ပါတ်သတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်က ဇန်နဝါရီ ၂၅ ရက်နေ့က သဘောထား ထုတ်ပြန်ကြေညာထားပါတယ်။ ကြေညာချက်ထဲမှာ ထိုဖြစ်စဉ်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်း သိရှိရကြောင်းနဲ့ ယင်းဖြစ်စဉ်နဲ့ ပါတ်သတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)တပ်ဖွဲ့နှင့် လုံးဝမသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။


    ထုတ်ပြန်ကြေညာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဒီဝါဒဖြန့်သတင်းနဲ့ ပါတ်သတ်ပြီး KNDF ဦးဆောင်ကော်မတီဝင် ကိုသိုက်က ဒီဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒီသတင်းကို Kantarawaddy Times သတင်းဌာနရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီ ၂၅ ရက်‌ ညပိုင်းမှာ ဖော်ပြထားပါတယ်။


    ကိုသိုက်က လူသားဒိုင်းလို လုပ်တဲ့ လုပ်ရပ်မျိုးကို ဘယ် EAOs၊ ဘယ် PDF ကမှ မလုပ်ကြောင်း၊ စစ်ကောင်စီရဲ့ စွပ်စွဲချက် သက်သက်သာ ဖြစ်ကြောင်း၊ လက်လွတ်စပါယ် သတ်ဖြတ်တာမျိုး တခါမှ မရှိခဲ့ကြောင်း" ပြောကြားထားပါတယ်။

    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    Tags

    Military Coupစစ်ကောင်စီဝါဒဖြန့်ဟိုဖိတ်ကျေးရွာဂျီနီဗာကွန်ဗင်းရှင်းစစ်ရာဇဝတ်မှုKNPP အဖွဲ့PDF
    Read Full Article
    Claim :   KNPP အဖွဲ့နှင့် PDF တွေ စစ်ရာဇဝတ်မှု ကျူးလွန်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!