BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KIA က စစ်တပ် ရဟတ်ယာဉ်တစ်စီး...
သတင်းအတု

KIA က စစ်တပ် ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တယ်ဆိုတဲ့ ဗီဒီယိုဖိုင်အတု

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တယ်ဆိုပြီး ဗီဒီယိုဖိုင်တစ်ခုကို လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  22 Aug 2024 9:33 AM IST
  • KIA က စစ်တပ် ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တယ်ဆိုတဲ့ ဗီဒီယိုဖိုင်အတု

    ဒီအကြောင်းအရာကို ‘အမေ့သား’ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး အခြားဖေစ့်ဘွတ်ဂရုတွေမှာလည်း ဖြန့်ဝေနေပါတယ်။

    ဖြန့်ဝေရာမှာ ရဟတ်ယာဉ်တစ်စီးကို ဒုံးကျည်နဲ့ ပစ်ခတ်လိုက်တဲ့ စက္ကန့်ပိုင်းမျှသာ ကြာမြင့်တဲ့ ဗီဒီယိုကလစ်တစ်ခုကို ‘KIA ရဲ့ လက်စွမ်းပါ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုကလစ် အတု ဖြစ်တာကို တွေ့ရပါတယ်။

    မူရင်း ဗီဒီယိုဖိုင်ကို The Washington Post သတင်းစာမှာ ၂၀၁၆ ခုနှစ် မေလ ၁၅ ရက်နေ့မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ စက္ကန့် ၅၀ ကြာမြင့်တဲ့ မူရင်း ဗီဒီယိုဖိုင်ရဲ့ နောက်ဆုံးပိုင်း ၁၄ စက္ကန့်ကို ဖြတ်တောက်ပြီး KIA က စစ်တပ် ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက် သယောင် လုပ်ကြံဖြန့်ဝေထားတာ ဖြစ်ပါတယ်။


    မူရင်းဗီဒီယိုမှာ ကာ့ဒ်စစ်သွေးကြွတွေက တူရကီစစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့တဲ့ ဗီဒီယိုဖိုင်ဆိုပြီး ရေးသားထားပါတယ်။

    မူရင်း ဗီဒီယိုဖိုင်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    old video clipKIA shot downmilitary helicopterရဟတ်ယာဉ်ပစ်ချFake videoဗီဒီယိုဖိုင်အတုKurdish fighterကာ့ဒ်စစ်သွေးကြွ
    Read Full Article
    Claim :   KIA က စစ်တပ် ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!