BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • KIA က နေပြည်တော်ကို တိုက်မယ်ဆိုပြီး...
      သတင်းအတု

      KIA က နေပြည်တော်ကို တိုက်မယ်ဆိုပြီး အမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

      ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ပြီး နေပြည်တော်ကို တိုက်ဖို့ အမိန့်ထုတ်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  30 Oct 2023 2:19 PM IST
    • KIA က နေပြည်တော်ကို တိုက်မယ်ဆိုပြီး အမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ KMM talk ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၃၄ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘ကေအိုင်အေက အမေစုကို ကယ်ထုတ်ပြီးနေပြည်တော်ကိုကြုံးဖို့ အမိန့်ထုတ်လိုက်ပြီ။ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော်က အမေစုကို တွေ့ပြီ’ လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဟာ ဖေစ့်ဘွတ်ပေါ်မှာ live လွှင့်ပြီး နိုင်ငံရေးကိစ္စတွေ ပြောလေ့ရှိသူ စစ်တပ်လော်ဘီ ကျော်မျိုးမင်းဆိုသူရဲ့ live လွှင့်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ကို ကူးယူဖြန့်ဝေထားတာဖြစ်ပါတယ်။

      ဒီ live ဗီဒီယိုထဲမှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ပြီး နေပြည်တော်ကို တိုက်ဖို့ အမိန့်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်တာ မရှိပါဘူး။

      ဗီဒီယိုထဲမှာ ပြီးခဲ့တဲ့ အပတ်အတွင်းက ထိုင်းမှာ ဖြစ်ပွားခဲ့တဲ့ သဘာဝတရားရိပ်သာဆရာတော်ရဲ့ အလှူခံအဖွဲ့ကို မောင်းထုတ်တဲ့ ကိစ္စအပါအဝင် ဗိုလ်ချုပ်ဂွမ်မော်က မြစ်ကြီးနား ဗန်းမော်လမ်းက အောင်ဂျာစခန်း သွားရောက်ခဲ့တဲ့ အကြောင်းနဲ့ အတူ လတ်တလောဖြစ်ပျက်နေတဲ့ လူမှုမီဒီယာပေါ်က အကြောင်းအရာတွေကို စစ်တပ်ဘက်က ထောက်ခံပြောဆို ထားတာတွေသာ ဖြစ်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      KIADaw Aung San Suu Kyiကချင်Kachinဗိုလ်ချုပ်ဂွမ်မော်နေပြည်တော်ကိုသိမ်းNaypyidawFakenewsသတင်းမှား
      Read Full Article
      Claim :   KIA က နေပြည်တော်ကို တိုက်မယ်ဆိုပြီး အမိန့်ထုတ်တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!