BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • တစ်ရက်မှာ ၂၅ နာရီ ဖြစ်တော့မှာလား
      သတင်းအတု

      တစ်ရက်မှာ ၂၅ နာရီ ဖြစ်တော့မှာလား

      ကမ္ဘာပေါ်က နေ့ရက်တွေဟာ တဖြည်းဖြည်း ရှည်လျားလာခဲ့ရာ တစ်ရက်မှာ ၂၄ နာရီအစား တစ်နေ့မှာ ၂၅ နာရီ ကြာမြင့်တော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  14 May 2024 8:21 PM IST
    • တစ်ရက်မှာ ၂၅ နာရီ ဖြစ်တော့မှာလား

      ဒီအကြောင်းအရာကို ဧပြီလကုန်ပိုင်းကစပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ‘အထူးသတင်း။ ၂၄ နာရီနေ့ကို နှုတ်ဆက်ပါတယ်။ ဒီနေ့ကစပြီး ကမ္ဘာပေါ်ကနေ့တွေဟာ ၂၅ နာရီ ကြာမြင့်ပါလိမ့်မယ်

      တစ်ဆင့်နာဆာ။ ကမ္ဘာမြေကြီး၊ လ၊ နေတို့အကြား ဆွဲငင်အား ထိတွေ့မှုကြောင့် ကမ္ဘာမြေကြီးပေါ်က နေ့ရက်တွေဟာ တဖြည်းဖြည်း ရှည်လျားလာပါတယ်’ လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      တစ်နေ့မှာ ၂၅ နာရီ ကြာမြင့်တော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ နားလည်မှု လွဲစေတဲ့ သတင်းအချက်အလက် အမှားတွေပဲ ဖြစ်ပါတယ်။

      ဒီအကြောင်းနဲ့ ပက်သတ်ပြီး ကမ္ဘာကျော် သတင်းဌာနဖြစ်တဲ့ Fobes သတင်းစာမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက How Long Until The Moon Slows The Earth To A 25 Hour Day? ဆိုတဲ့ သတင်းတစ်ပုဒ် ရေးသားဖော်ပြထားပါသေးတယ်။

      ဒီသတင်းမှာ လရဲ့ ဆွဲငင်အားကြောင့် ကမ္ဘာ့လည်ပတ်မှုနှေးကွေးလာတဲ့ နှုန်းနဲ့ တစ်နေ့တာမှာ တစ်နာရီတိုးလာဖို့ အချိန်ဘယ်လောက် ကြာနိုင်မလဲဆိုတဲ့ အကြောင်းကို တွက်ချက်ပြထားတာပါ။


      လကြောင့် ကမ္ဘာလည်နှုန်း နှေးလာတာ အမှန်ဖြစ်ပေမယ့် ဒီနှုန်းဟာ အင်မတန်သေးငယ်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ခန့်မှန်းခြေ ၁.၄ မီလီစက္ကန့်လောက်သာ နှေးလာတာဖြစ်ပါတယ်။ အဓိပ္ပါယ်မှာ နှစ် ၁၀၀ မှာ တစ်စက္ကန့ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်သာ နှေးလာတာဖြစ်ပါတယ်။

      ကမ္ဘာလည်နှုန်း နှေးလာတာကို နောက်ထပ်နည်းလမ်းတစ်ခုနဲ့ တိုင်းတာတာမှာတော့ ကမ္ဘာဟာ ရာစုနှစ်တစ်ခုစီမှာ ပျမ်းမျှ ၂.၅ မီလီစက္ကန့် နှေးလာတာဖြစ်ပြီး ဒီတိုင်းဆိုရင် တစ်စက္ကန့်ခွဲနှေးဖို့ နှစ်ပေါင်း ၂၅၀၀၀ ကြာမှာဖြစ်ပြီး တစ်စက္ကန့် နှေးသွားဖို့ဆိုရင် နှစ်ပေါင်း ငါးသောင်းလောက်ကြာမြင့်မှာ ဖြစ်ပါတယ်။

      ဒါကြောင့် အခုဖြန့်ဝေနေတဲ့တစ်ရက်မှာ ၂၄ နာရီအစား တစ်နေ့မှာ ၂၅ နာရီ ကြာမြင့်တော့မယ်ဆိုပြီး ဖြန့်ဝေနေတာဟာ သတင်း အမှားပဲ ဖြစ်ပါတယ်။

      Fobes သတင်းဌာနမှာ ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      Tags

      တစ်ရက်၂၅ နာရီA 25 Hour DayMoon Slows The EarthMoon’s gravitational forceကမ္ဘာလည်နှုန်းနှေးလာThe Earth’s rotation
      Read Full Article
      Claim :   တစ်ရက်မှာ ၂၄ နာရီအစား တစ်နေ့မှာ ၂၅ နာရီ ကြာမြင့်တော့မယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!