BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အစ္စရေးဟာ ကမ္ဘာ့ဒုတိယမြောက်...
သတင်းအတု

အစ္စရေးဟာ ကမ္ဘာ့ဒုတိယမြောက် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း အများဆုံးနိုင်ငံ မဟုတ်ပါ

အစ္စရေးနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း ဒုတိယအများဆုံး နိုင်ငံဖြစ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက်အမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 April 2024 8:54 AM IST
  • အစ္စရေးဟာ ကမ္ဘာ့ဒုတိယမြောက် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း အများဆုံးနိုင်ငံ မဟုတ်ပါ

    ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ပြီး ဖေစ့်ဘွတ်နဲ့ Threads ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေ နေတာဖြစ်ပြီး ယခုနှစ် ဧပြီလ အစောပိုင်းမှာလည်း ထပ်မံဖြန့်ဝေလာတာ တွေ့ရပါတယ်။

    ဖြန့်ဝေရာမှာ အင်္ဂလိပ်ဘာသာစကားနဲ့ 'အစ္စရေးနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း သြစတြေးလျပြီးရင် ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး တောင်အာဖရိက ထက်သာကြောင်း' ရေးသားထားပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာတော့ 'အစ္စရေးနိုင်ငံရဲ့ အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းဟာ ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံမှာ အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး နိုင်ငံတစ်ခု ဖြစ်တယ်လို့ အစ္စရေးကင်ဆာအဖွဲ့မှ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ကြောင်း၊၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းတွင် အစ္စရေးမှာ အရေပြားကင်ဆာလူနာ ၃၆၃၁ ဦးရှိပြီး နှစ်စဉ် ၂၀၀ ခန့်သည် အဆိုပါရောဂါကြောင့် သေဆုံးလျက်ရှိကြောင်း' ရေးသားထားပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အချက်အလက်မှားယွင်းနေတဲ့ သတင်းမှား တစ်ပုဒ်သာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အစ္စရေးနိုင်ငံအနေဟာ မှဲ့ကင်ဆာ (ခေါ်) Melanoma (သို့) အခြားအရောပြားကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ ထိပ်တန်း နိုင်ငံ ၂၀ စာရင်းမှာတောင် မပါဝင်ပါ။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဒိန်းမတ်နိုင်ငံဟာ ဩစတြေးလျနိုင်ငံပြီးရင် အရေပြား မှဲ့ကင်ဆာ ဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး လူတစ်သိန်းမှာ ၃၁.၁ ဦးဖြစ်ပွားနေပါတယ်။

    အစ္စရေးနိုင်ငံကတော့ တစ်ကမ္ဘာလုံးမှာ အဆင့် ၂၃ ရှိနေခဲ့ပြီး လူတစ်သိန်းမှာ ၁၀.၈ ယောက် ဖြစ်ပွားတယ်လို့ ဆိုပါတယ်။


    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    မှဲ့ကင်ဆာ အမျိုးအစားမဟုတ်တဲ့ အခြားအရေပြား ကင်ဆာဖြစ်ပွားမှုနှုန်းမှာတော့ နယူးဇီလန်နိုင်ငံက ဩစတြေးလျနိုင်ငံပြီးရင် ဒုတိယ အမြင့်ဆုံးဖြစ်ပြီး လူတစ်သိန်းမှာ ၁၂၇.၅ ယောက်နှုန်း ဖြစ်နေတာ ဖြစ်ပါတယ်။

    အစ္စရေးနိုင်ငံကတော့ လူတစ်သိန်းမှာ ၁.၅ ယောက်နှုန်းနဲ့ တစ်ကမ္ဘာလုံးမှာ အဆင့် ၁၄၈ နေရာမှာသာ ရှိနေပါတယ်။


    အချက်အလက်တွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အစ္စရေးနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း ဒုတိယအများဆုံး နိုင်ငံဖြစ်တယ် ဆိုတဲ့ အကြောင်းကို Israel Cancer Association (ICA) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Haaretz သတင်းဌာနမှာ ၂၀၀၃ ခုနှစ် မေလအတွင်းမှာ ဖော်ပြခဲ့တာ ရှိပါတယ်။


    အဆိုပါအချိန်က အစ္စရေးနိုင်ငံမှာ ရေပြားကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်လျော့ကျလာပြီး ဖြစ်ပါတယ်။

    အခုဖြန့်ဝေမှုတွေက ယခင်သတင်းတွေကို အခြေခံပြီး သတင်းမှားဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

    Haaretz သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    အရေပြားကင်ဆာSkin cancer rateရေပြားကင်ဆာဖြစ်ပွားမှုနှုန်းFakenewsmisinformationမှဲ့ကင်ဆာMelanoma
    Read Full Article
    Claim :   အစ္စရေးဟာ ကမ္ဘာ့ဒုတိယမြောက် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း အများဆုံးနိုင်ငံလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!