BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တောကြီးမြွေဟောက် ရုပ်ကြွင်း ဆိုတဲ့...
သတင်းအတု

တောကြီးမြွေဟောက် ရုပ်ကြွင်း ဆိုတဲ့ အချက်အလက်အမှား

တောထဲမှာ သဘာ၀အတိုင်း ဖြစ်ပေါ်နေတဲ့ တောကြီးမြွေဟောက်ရဲ့ သက်မဲ့ရုပ်ကြွင်းဆိုတဲ့ပုံတစ်ပုံကို လူမှုကွန်ရက်ပေဓမှာကံကောင်းစေဖို့ဖြန့်ဝေနိုင်ကြောင်းရေးသားထားတဲ့ ဓါတ်ပုံပါ အမချက်အလက်တွေစာ မှားယွင်းနေပါတယ်။

By - Boom Live Myanmar |
Published -  20 Jun 2023 1:23 PM IST
  • တောကြီးမြွေဟောက် ရုပ်ကြွင်း ဆိုတဲ့ အချက်အလက်အမှား

    ဒီအကြောင်းအရာကို 'နက္ခတ္တဝေဒဆိုင်ရာ သိပ္ပံလက္ခဏာ မဟာသိပ္ပံဘွဲ့ရ M.Sc ဆရာမိုးအောင်ကျော်' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ Phyo Thiri Khaing ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ အခြားဖေစ့်ဘွတ် ဂရုနဲ့ ပေချ့်တွေမှာ ကူးယူဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ပါးပျဉ်းထောင်နေတဲ့ မြွေသေတစ်ကောင်ရဲ့ ဓာတ်ပုံ ၂ ပုံနဲ့အတူ ‘'တောထဲတွင်လက်ရှိဖြစ်ပေါ်နေသော တောကြီးမြွေဟောက်ရဲ့ သက်မဲ့ရုပ်ကြွင်း။ မြင်တာနဲ့ Share လိုက်ရင် မနက်ဖန်ည မတိုင်ခင်ကောင်းတာတွေ ဖြစ်လာလိမ့်မယ်” လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ အချက်အလက်အမှားတွေပါဝင်နေတာတွေ့ရပါတယ်။

    ဓာတ်ပုံထဲက မြွေဟာ သူ့ရဲ့ သဘာဝအတိုင်း သေပြီးဖြစ်ပျက်နေတဲ့ သက်မဲ့ရုပ်ကြွင်းမဟုတ်သလို အခုလက်ရှိ တောတစ်ခုထဲမှာ ဖြစ်ထားတဲ့ အကြောင်းအရာလည်း မဟုတ်ပါဘူး။

    ဒီအကြောင်းအရာဟာ လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက အင်တာနက်အသုံးပြုသူတွေကြားမှာ ရေးသားဖြန့်ဝေနေတာပါ။ အစောဆုံးအဖြစ် တွစ်တာပေါ်မှာ ၂၀၁၇ ခုနှစ် မေလအတွင်းက တမီလ်ဘာသာစကားနဲ့ ဖြန့်ဝေထားမှုကို တွေ့ရပါတယ်။ အောက်ပါပုံမှာ ကြည့်ပါ။


    တမီလ်ဘာသာနဲ့ ဖြန့်ဝေစဉ်ကလည်း မြွေနဂါး ရဲ့ ရုပ်ကြွင်းဆိုပြီး ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ တမီလ်ဘာသာစကားနဲ့ တွစ်တာပေါ်မှာ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    တကယ်တော့ ဒီပုံထဲက မြွေဟာ အရက်ပုလင်းထဲမှာ စိမ်ထားတဲ့ မြွေကို အပြင်ထုတ်ထားတာသာ ဖြစ်ပြီး သဘာဝအတိုင်း ရုပ်ကြွင်း ဖြစ်နေတာ မဟုတ်ကြောင်း တောရိုင်းတိရိစ္ဆာန်တွေနဲ့ ပက်သက်တဲ့ ဗဟုသုတတွေ ဖြန့်ဝေနေတဲ့ ‘Wildlife of Myanmar’ ဖေစ့်ဘွတ် ဂရုက ကျွမ်းကျင်ပညာရှင်တွေက ဂရုမှာ မေးမြန်းထားတဲ့ပိုစ့်ကို ပြန်လည်ဖြေကြားထားတာ ရှိပါတယ်။


    ဒါ့အပြင် အချို့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ ဝက်ဆိုက်တွေမှာလည်း ဒါဟာ ဆေးစိမ်ထားတဲ့ အရက်ပုလင်းထဲက မြွေသေဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။

    ‘Wildlife of Myanmar’ ဖေစ့်ဘွတ် ဂရုဟာ ကျွမ်းကျင်ပညာရှင်တွေ ဦးစီးတဲ့ Private ဂရုဖြစ်ပေမယ့် ဒီဂရုမှာ မန်ဘာဝင်ပြီး တောရိုင်းတိရစ္ဆာတွေရဲ့ အမျိုးအမည် ခွဲခိုင်းတာ၊ အမူအကျင့်တွေနဲ့ ပက်သက်တာတွေကို မေးမြန်းနိုင်ပါတယ်။

    ‘Wildlife of Myanmar’ ဖေစ့်ဘွတ်ဂရုကို ဒီနေရာ မှာ ဝင်ရောက်နိုင်ပါတယ်။

    Tags

    ဆေးရည်စိမ်ကျောက်ဖြစ်ရုပ်ကြွင်းA fossilinanimate of king cobraတောကြီးမြွေဟောက်Dead snake
    Read Full Article
    Claim :   တောထဲမှာ လက်ရှိဖြစ်နေတဲ့ တောကြီးမြွေဟောက်ရဲ့ သက်မဲ့ရုပ်ကြွင်း၊ ဖြန့်ဝေသူတွေ ကံကောင်းမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!