BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘောက်ဆင်သမိုင်းမှာ အရှည်ကြာဆုံးပွဲ...
သတင်းအတု

ဘောက်ဆင်သမိုင်းမှာ အရှည်ကြာဆုံးပွဲ ဆိုတဲ့အချက်အလက်အမှာဒ

Dick Hyland နဲ့ Ray Campbell တို့ရဲ့ ၁၉၁၃ ခုနှစ်မှာ ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ ပွဲဟာ ဘောက်ဆင်သမိုင်းမှာ အရှည်ကြာဆုံးပွဲဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  21 March 2024 8:56 AM IST
  • ဘောက်ဆင်သမိုင်းမှာ အရှည်ကြာဆုံးပွဲ ဆိုတဲ့အချက်အလက်အမှာဒ

    ဒီအကြောင်းအရာကို Duwun Sports ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၅ ရက်နေ့က စတင်ရေးသားခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အမြောက်အများလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ သွေးအလိမ်းလိမ်းနဲ့ ယှဉ်ပြိုင်သူတွေ ပါတဲ့ ဖြူမဲဓာတ်ပုံနဲ့အတူ ‘၁၉၁၃ တုန်းက Dick Hyland နဲ့ Ray Campbell တို့ရဲ့ ဘောက်ဆင်ပွဲဟာ ၇ နာရီနဲ့ ၁၉ မိနစ်အထိကြာတဲ့အထိ ထိုးသတ်ခဲ့ရပါတယ်။ အချီပေါင်း ၁၁၀ အထိ ရှိခဲ့ကာ ဘောက်ဆင်သမိုင်းမှာ အရှည်ကြာဆုံးဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခံနိုင်ရည်နဲ့ စိတ်အားထက်သန်မှုက ကမ္ဘာတဝှမ်းက ဘောက်ဆင်ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို စမ်းသပ်ခဲ့တာပါပဲ။ ပရိသတ်တချို့ဆိုရင် ထိတ်လန့်ခဲ့ပြီး ပွဲချိန် အရမ်း ကြာလွန်းလို့ တချို့ကတော့ အိပ်ပျော်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဘောက်ဆင်သမိုင်းမှာ အထူးခြားဆုံးပွဲတပွဲဖြစ်ခဲ့ပါတယ်’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြူမဲနဲ့ ရိုက်ယူခဲ့တဲ့ မူရင်းဓာတ်ပုံကို City of Vancouver Archives ဆိုတဲ့ ဝက်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဓာတ်ပုံမှာ Ray Campbell နဲ့ Dick Hyland တို့ရဲ့ လက်ဝှေ့ပွဲ မေလ ၃ ရက်နေ့ ၁၉၁၃ ခုနှစ်လို့ ဖော်ပြထားပါတယ်။ ဒီပွဲမှာ Ray Campbell (ညာ) က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါပေမယ့် ဒီထိုးသတ်ခဲ့တဲ့ ပွဲဟာ ဘောက်ဆင်သမိုင်းမှာ အရှည်ကြာဆုံးပွဲ မဟုတ်ခဲ့ပါဘူး။၁၈၉၃ ခုနှစ်က ထိုးသတ်ခဲ့တဲ့ Andy Bowen နဲ့ Jack Burke တို့ရဲ့ ပွဲဟာ ဘောက်ဆင်သမိုင်းမှာ အရှည်ကြာဆုံးပွဲဟာ လက်ဝှေ့ပွဲ ဖြစ်တယ်လို့ သမိုင်းပညာရှင် Dr Randy Roberts က "Fighting to the Finish" ခေါင်းစဉ်နဲ့ Ring Magazine မှာ 2015 ခုနှစ်က ရေးသားခဲ့ပါတယ်။


    ဒီပွဲဟာ ၁၈၉၀ ခုနှစ်က ကျင်းပခဲ့တဲ့ ဆန်ဖရန်စစ္စကိုက ၆ နာရီ ၃၉ မိနစ်ကြာတဲ့ ပွဲစဉ်နဲ့ သြစတြေးလျက ၆ နာရီ ၁၅ မိနစ်ကြာတဲ့ ပွဲတွေထက် ပိုကြာခဲ့တယ်လို့ ဆိုပါတယ်။

    "Fighting to the Finish" ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

    Guinness World Records ရဲ့ ဖော်ပြမှုမှာလည်း လက်အိတ်စွပ်နဲ့ အကြာရှည်ဆုံး စံချိန်တင်ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲဟာ ၁၈၉၃ ခုနှစ် ဧပြီ ၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးအော်လန်မှာ ကျင်းပခဲ့တဲ့ Andy Bowen နဲ့ Jack Burke တို့ရဲ့ ပွဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီပွဲမှာ ၁၁၀ ချီအထိ ထိုးသတ်ခဲ့ပြီး ၇ နာရီနဲ့ ၁၉ မိနစ်ကြာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Misinformationboxing matchlongest boxing matchworld recordthe longest fightဘောက်ဆင်သမိုင်းလက်ဝှေ့ပွဲ
    Read Full Article
    Claim :   ၁၉၁၃ ခုနှစ်မှာ ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ ပွဲဟာ ဘောက်ဆင်သမိုင်းမှာ အရှည်ကြာဆုံးပွဲလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!