BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်ချုပ်ရာပြည့်က...
သတင်းအတု

ဗိုလ်ချုပ်ရာပြည့်က အာဏာသိမ်းတယ်ဆိုတဲ့ သတင်းအမှား

တော်လှန်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြန့်ဝေကျတဲ့အထဲမှာ အဖန်ဖန်ဖြန့်ဝေနေတဲ့ ဗိုလ်ချုပ်ရာပြည့် နေပြည်တော်မှာ အာဏာသိမ်းလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  22 Dec 2023 6:48 PM IST
  • ဗိုလ်ချုပ်ရာပြည့်က အာဏာသိမ်းတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Myanmar Daily News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗိုလ်ချုပ်ရာပြည့် တကွက်ပြလိုက်ပြီဟေ့။ အာဏာရူးစစ်ဘီလူးများ အာဏာလုပွဲစပြီ။ ဗိုလ်ချုပ်ရာပြည့် ဝန်ကြီးဌာနများကို သိမ်းလိုက်ပြီ'လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်ချုပ်ရာပြည့် နေပြည်တော်မှာ အာဏာသိမ်းလိုက်ပြီဆိုတဲ့ ကြောင်းအရာဟာ ဒီတစ်နှစ်တာလုံးအတွင်း အဖန်ဖန် အလှန်လှန်ဖြန့်ဝေနေတဲ့ သတင်းအတုသာဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည်ပိုင်းက ဖော်ပြထားတဲ့ 'ပြည်ထဲရေးဝန်ကြီး ရာပြည့်နှင့် ပတ်သက်သူများ၊ စစ်အရာရှိဟောင်း မိုးကျရွှေကိုယ်များ အပါအဝင် ဒုညွှန်မှူး ၇ ဦးကို ထွေ/အုပ် ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ၃၈ ဦးကို အပြောင်းအရွှေ့လုပ်' ဆိုတဲ့ သတင်းအပြင် အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဖြန့်ဝေထားတဲ့အထဲမှာ ဗိုလ်ချုပ်ရာပြည့် နေပြည်တော်မှာ အာဏာသိမ်းလိုက်ပြီ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဒီလို ဖေစ့်ဘွတ်အတုတွေမှာ ဖြန့်ဝေနေတဲ့ သတင်းတုအများစုဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ သတင်းတွေကို ကိုးကားပြီး အမှားအမှန် ရောထွေး နေတဲ့ အကြောင်းအရာတွေ၊ ဗီဒီယိုကာဗာပေါ်မှာ ရေးထားတဲ့ အကြောင်းအရာနဲ့ ဗီဒီယိုအတွင်းက အကြောင်းအရာ လွဲနေတာတွေနဲ့ ခေါင်းစဉ်မတူတဲ့ တခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတဲ့ အကြောင်းအရာတွေ အများဆုံးဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    taken powerFake facebook pagesmisinformationClickbaitsMilitary Coupသတင်းအမှားဖြန့်အာဏာသိမ်း
    Read Full Article
    Claim :   ဗိုလ်ချုပ်ရာပြည့် နေပြည်တော်မှာ အာဏာသိမ်းလိုက်ပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!