BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီဗီဒီယိုက...
သတင်းအတု

ဒီဗီဒီယိုက လားရှိုးမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်မဟုတ်ပါ

လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ရုံးအတွင်း စစ်ရဟတ်ယာဉ်ပေါ် လူတင်နေစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဒီက်ပိုင်ထဲပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  9 July 2024 9:04 AM IST
  • ဒီဗီဒီယိုက လားရှိုးမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်မဟုတ်ပါ

    ဒီဗီဒီယိုဖိုင်ကို ဇူလိုင်လ ၈ ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး သတင်းဌာနအချို့ရဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။

    ဖြန့်ဝေရာမှာ စစ်သားတွေ တင်ဆောင်နေတဲ့ စစ်လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ၁ မိနစ်နီးပါးကြာမြင့်တဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့ အတူ ‘ရမခ စစ်တိုင်းအတွင်း စစ်ရဟတ်ယာဉ်ပေါ် လူတင်နေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးရှိကြောင်း၊ စစ်ကောင်စီတပ် အရာရှိကတော်များ သယ်ထုတ်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ဟု စစ်ရေးသတင်းရင်းမြစ်ပြောဆိုကြောင်း၊ လားရှိုးအခြေစိုက် အရှေ့ မြောက်ပိုင်းတိုင်း စစ်တိုင်းရှိ အရာရှိ ကတော်များနှင့် တပ်မိသားစုဝင်များကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်စဉ် ကိုးကန့်တပ် (MNDAA)က ဒရုန်းဖြင့် ဗုံးကြဲချ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုကြောင်း’ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီ ရဟတ်ယာဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတဲ့ ဗီဒီယိုဖိုင်ဟာ လားရှိုးမြို့မှာ ဖြစ်ပျက်ခဲ့တာမဟုတ်ကြောင်းနဲ့ ဒီဗီဒီယိုဖိုင်ဟာ စစ်ကိုင်းတိုင်း ပင်လယ်ဘူးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ခဲ့တာ ဖြစ်နိုင်ကြောင်း အာဆီယံဒေသတွင်း ပထဝီနိုင်ငံရေးနဲ့ ပတ်သတ်ပြီး ဖော်ပြပေးနေတဲ့ Asia Intel ဆိုတဲ့ X အကောင့် (ယခင် Twitter) မှာ တည်နေရာပြမြေပုံနဲ့အတူ ဖော်ပြထားပါတယ်။


    Asia Intel မှာ ဖော်ပြထားတဲ့ မြေပုံအညွှန်း (24.080062, 95.372160) ကို google map လိုမျိုး မြေပုံပေါ်မှာ ရိုက်ထည့်ကြည့်ပါက ပင်လယ်ဘူးမြို့ တည်နေရာကို ကြည့်ရှု့နိုင်ပါတယ်။

    Asia Intel အကောင့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိဖြန့်ဝေနေတဲ့အကြောင်းအရာမှာ သတင်းဌာနတချို့က ဗီဒီယိုဖိုင်အမှားတစ်ခုတည်းကို ဆင့်ပွားကူးယူကြသလို သတင်းထဲမှာလည်း အဲ့ဒီဗီဒီယိုအမှားကို အခြေခံပြီး စစ်ရေးသတင်းရင်းမြစ်က ပြောတယ်ဆိုတဲ့ အချက်အလက်တွေထည့်သွင်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။


    Tags

    ရမခ စစ်တိုင်းDrone Attackedအရှေ့မြောက်ပိုင်းတိုင်းဒရုန်းဖြင့် ဗုံးကြဲစစ်ရဟတ်ယာဉ်fake VideoMisinformation
    Read Full Article
    Claim :   လားရှိုးမြို့မှာ စစ်ရဟတ်ယာဉ်တစ်စီး ဒရုန်းဖြင့် တိုက်ခိုက်ခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!