BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေ့စဉ် ကော်ဖီသောက်သုံးခြင်းက...
သတင်းအတု

နေ့စဉ် ကော်ဖီသောက်သုံးခြင်းက ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါသလား

ကော်ဖီကြိုက်နှစ်သက်သူတွေ အနေနဲ့ နေ့စဉ်ကော်ဖီသောက်သုံးပါက ဆံပင်ကျွတ်စေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  10 Sept 2024 7:20 PM IST
  • နေ့စဉ် ကော်ဖီသောက်သုံးခြင်းက ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါသလား

    ဒီအကြောင်းအရာကို 𝙸'𝚖 𝙷𝚂𝚄 𝚉𝚒 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကျွတ်နေတဲ့ ဆံပင်ကို လက်ပေါ်ဖြန့်ပြနေပုံအပါအဝင် မျက်နှာ နဲ့ နှာဖူးတွေမှာ အဖုအပိန့်တွေ ထွက်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ 'ကော်ဖီကိုကြိုက်တဲ့သူတွေ နေ့တိုင်းသောက်ရင် နောက်ဒီလိုဖြစ်လာမယ်နော်' လို့ ရေးသားဖြန့်ဝေထားတာပါ။

    အချို့ဖြန့်ဝေမှုတွေမှာတော့ 'Coffee အရမ်းကြိုက်တဲ့ မမတွေဘယ်လောက်ကောင်းတဲ့ ခေါင်းလျှော်ရည်ကို သုံးသုံး အနည်း နဲ့ အများဘဲကွာမယ်။ တနေ့ဖြစ်ကိုဖြစ်တယ်။ကိုယ်တိုင်လည်း ထမင်းမစားရနေနိူင်တယ် coffee တော့တနေ့ (၃) ခွက် ဂွပ်ခနဲ မော့်ရမှာဆိုတဲ့ အထဲက သိသိသာသာဆင်ခြင်ကြည့်ပါ သိသိသာသာသက်သာပါတယ် နိူမို့ဆိုလို့ကတော့ ကော်ဖီကို ကြိုက်တဲ့သူတွေ နေ့တိုင်းသောက်ရင် နောက်ဒီလိုတကယ် ဖြစ်လာမယ်နော် သေခြာသာ ကြည့်ထားကြပါရှင်' လို့ ရေးသား ထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အချက်အလက်မှားယွင်းမှုသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    ကမ္ဘာအရပ်ရပ်က ဆံပင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အသီးသီးက ကော်ဖီသောက်သုံးခြင်းက ဆံပင်ကျွတ်စေနိုင်တယ် ဆိုတဲ့ အချက်ကို ငြင်းဆိုထားပါတယ်။

    ဆံပင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ အမေရိကန်အခြေစိုက် Natural Transplants၊ Hair Restoration Clinic ရဲ့ အဆိုအရ ကဖင်းဓာတ်က ဆံပင်ကျွတ်တာကို မဖြစ်ပေါ်စေကြောင်း၊ သို့ရာတွင် ကဖင်းဓာတ်ပါတဲ့ အဖျော်ယမကာ ဥပမာ ကော်ဖီ၊ ဆိုဒါ၊ လက်ဖက်ရည် နဲ့ အားဖြည့်အချိုရည်တွေမှာ အခြားမတူညီတဲ့ ပါဝင်ပစ္စည်းတွေ ရောနှောနေတာကို ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း၊ ဒီထဲက အချို့ဓာတ်တွေက ဆံကေသာရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပေမယ့် အချို့က ဆိုးကျိုးတွေ ပေးနိုင်ကြောင်း၊ သကြားအလွန်အကျွံ ထည့်သွင်းသောက်သုံးတာ၊ အစားအသောက် ချို့တဲ့တာနဲ့ စိတ်ဖိစီးမှုတွေကလည်း ဆံပင်ကျွတ်တဲ့ အကြောင်းအရင်းတွေဖြစ်တယ်လို့ ဆိုထားပါတယ်။


    Natural Transplants၊ Hair Restoration Clinic က ရေးသားထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် ဇီဝဆေးပညာနှင့်မျိုးရိုးဗီဇဆိုင်ရာသတင်းအချက်အလက်များထားရှိတဲ့ အမေရိကန်နိုင်ငံ အမျိုးသားဇီဝ နည်းပညာ သတင်းအချက်အလက်စင်တာ NCBI (National Center for Biotechnology Information) ကလည်း ဆံပင် ကျန်းမာရေးနဲ့ ကဖင်းဓာတ်ရဲ့ အခန်းကဏ္ဍအကြောင်း အစီခံစာတစ်စောင်ထုတ်ပြန်ထားပါတယ်။

    ဒီအစီရင်ခံစာမှာ ဦးရေပြားဆံပင်တွေ တဖြည်းဖြည်းပါးလွှာလာတဲ့ Androgenetic alopecia (AGA) လို့ ခေါ်တဲ့ အရေပြား ဆိုင်ရာ ပြဿနာကို ကုသဖို့ ကဖင်းဓာတ်ပါဝင်မှု အမျိုးမျိုးကို အသုံးပြုပြီး နာရီပေါင်း ၁၂၀ ကနေ ၁၉၂ နာရီကြာ အမျိုးသား AGA လူနာတွေရဲ့ ဦးရေပြား အသားစနမူနာတွေ အသုံးပြု စမ်းသပ်ခဲ့ကြောင်း၊ ဒီစမ်းသပ်မှုမှာ ကဖင်းဓာတ်ဟာ ဆံပင် ကြီးထွားမှုကို သိသိသာသာ နှိုးဆွပေးတဲ့ သက်သေပြနေကြောင်း၊ လေ့လာမှုတစ်ခုမှာ ခေါင်းလျှော်ရည်ဖော်စပ်ရာမှာ ကဖင်းဓာတ်က အကျိုးများကြောင်း၊ ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးတာ တွေ့ရှိရကြောင်းတွေ ရေးသားထားပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်မှုတွေကို အတည်ပြုဖို့ နောက်ထပ် လေ့လာမှုတွေ ပြုလုပ်ရအုံးမှာဖြစ်တယ်လို့ စာတမ်းက ဆိုပါတယ်။


    NCBI ရဲ့ စာတမ်းကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တွေထဲမှာ စိတ်ဖိစီးတာ၊ ဆေးဝါးသုံးစွဲနေရတာ၊ ကျန်းမာရေးအခြေအနေ၊ ဆံပင် ပုံစံနဲ့ ဆံပင်ပြုပြင်မှုတွေနဲ့ အာဟာရချို့တဲ့မှုတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပြီး အချို့ပညာရှင်တွေက အကြံပေး ထား ပါတယ်။


    စိတ်ဖိစီးမှုမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု နှစ်ခုစလုံးက ဆံသားကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ဆံပင်ကျဲခြင်းနဲ့ ဆံပင်ပါးလာခြင်းတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

    ဆေးဝါးတွေ သုံးစွဲနေရတဲ့ သူတွေ၊ အထူးသဖြင့် ကင်ဆာရောဂါလို ဆေးကုသတဲ့ ဆေးတွေ၊ သိုင်းရွိုက်ချို့ယွင်းမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေ အတွက် ကုသတဲ့ အချို့ဆေးညွှန်းတွေမှာ တခါတလေ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပြီး ဆံပင်ကျွတ် တာတွေ ဖြစ်နိုင်ပါတယ်။

    သိုင်းရွိုက်ချို့ယွင်းတာ၊ autoimmune ရောဂါတွေ နဲ့ ဟော်မုန်းမညီမျှတဲ့ ရောဂါအခံ ကျန်မားရေးပြဿနာတွေကလည်း ဆံပင်ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။

    နောက်ထပ် ဆံပင်ကို တင်းကျပ်အောင် စီးထားတာတွေ၊ ဆံပင်ဆေးဆိုးဆေးတွေလို ဓာတုဗေဒပစ္စည်းတွေ မကြာခန အလွန်အကျွံ အသုံးပြုတာကလည်း ဆံပင်နဲ့ ဦးရေပြားကို ပျက်စီးစေပြီး ဆံသားကွဲအက်တာနဲ့ ဆံပင်ပါးတာ ဖြစ်စေပါတယ်။

    ပရိုတင်းနဲ့ သံဓာတ် တို့လို မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ချို့တဲ့တာကလည်း ဆံပင်ကြီးထွားမှုကို ထိခိုက်စေနိုင်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

    Tags

    hair lossCaffeinedrinking coffeeဆံပင်ကျွတ်ခြင်းကော်ဖီကဖိန်းဓာတ်MisinformationHealthy Hairဆံပင်ကျန်းမာရေး
    Read Full Article
    Claim :   နေ့စဉ် ကော်ဖီသောက်သုံးခြင်းက ဆံပင်ကျွတ်စေနိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!