BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဂျိုးဖြူရေကြောင့်...
သတင်းအတု

ဂျိုးဖြူရေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်မြို့မှာ လတ်တလောဖြစ်ပွားနေတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ဂျိုးဖြူရေကြောင့် ဖြစ်တာဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  7 July 2024 6:37 PM IST
  • ဂျိုးဖြူရေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို က နောင် သူ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၅ ရက်နေ့မှာ ရေးသားဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'သတိ ဂျိုးဖြူရေ ကန်ရေ ၀မ်းပျက်လျှောတွေဖြစ်နေ' လို့ ရေးသားထားပါတယ်။

    ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ဝမ်းရောဂါ ဖြစ်ပွားသူ တချို့ကို တွေ့ရှိနေရတယ်လို့ သတင်းတွေမှာ ဖော်ပြအပြီး အခုလို အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် အကြောင်းအရာကို တမင်လုပ်ကြံရေးသားဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဂျိုးဖြူရေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ တမင်လုပ်ကြံရေးသား ဖြန့်ဝေထားတာ ဖြစ်တာကို တွေ့ရပါတယ်။

    ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း UNICEF Myanmar ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၁၅ ရက်နေ့ကတည်းက သတိပေးထုတ်ပြန်ထားပါတယ်။


    ထုတ်ပြန်ချက်ထဲမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေတဲ့ ရောဂါပိုးတွေပါတဲ့ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေ စားသောက်မိတာကနေ ကူးစက်တာဖြစ်ကြောင်း၊ ရောဂါပိုးသည် ရောဂါဖြစ်သူဆီက စွန့်ပြစ်လိုက်တဲ့ မစင်မှာ ပါဝင်တာဖြစ်ကြောင်း ရေးသားထားပါတယ်။

    ဒီထုတ်ပြန်ချက်ထဲမှာ ရောဂါအကြောင်း၊ ကူးစက်နိုင်တဲ့ နည်းလမ်းတွေအကြောင်း၊ ရောဂါလက္ခဏာနဲ့ ကာကွယ်ပုံတွေကို ရေးသားထားပါတယ်။

    ဒီထုတ်ပြန်ချက်ထဲမှာ ဂျိုးဖြူရေကြောင့် ဖြစ်တယ်လို့ ဖော်ပြမထားပါဘူး။

    UNICEF Myanmar ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာ ပထမဆုံးရောဂါဖြစ်ပွားတဲ့ သာကေတမြို့နယ်ထဲက နေအိမ်တစ်အိမ်ကို ပရဟိတအဖွဲ့တွေ ကူညီပေးဖို့ သွားတဲ့အခါ အိမ်သာက သန့်ရှင်းပေမဲ့ အိမ်အနောက်မှာ ဝက်မွေးထားပြီး သန့်ရှင်းရေးအားနည်းတာကို တွေ့ခဲ့ကြကြောင်း ရေးသားထားပါတယ်။


    လက်ရှိမှာ ရန်ကုန်၊ သာကေတမြို့နယ်မှာ ဇွန် ၅ ရက်နေ့ ညပိုင်းက စပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက အသံချဲ့စက်နဲ့ သတိပေးနေကြောင်း၊ ကာလဝမ်းပျက်ရောဂါဟာ ဇူလိုင် လဆန်းကစပြီး သာကေတမြို့နယ် ထူပါရုံရပ်ကွက်၊ အနော်မာရပ်ကွက်နဲ့ ဆယ်တောင်ရပ်ကွက်တွေမှာ ဖြစ်ပွားနေတာကနေ သေဆုံးသူတွေ ရှိလာကြောင်း၊ တပတ်အတွင်း သေဆုံးသူ ငါးယောက်ရှိသွားပြီ ဖြစ်ကြောင်း၊ သာကေတမြို့နယ်တွင်းက အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်ကစလို့ ချက်ပြုတ်ပြင်ဆင်ရောင်းချတဲ့ လမ်းဘေးဈေးရောင်းချသူ အားလုံးကို ဇူလိုင် ၁၃ ရက်အထိ ရောင်းချခြင်းမပြုဖို့ ကြေညာထားကြောင်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

    ဘီဘီစီ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ပြင်းထန် ကာလဝမ်းရောဂါအကြောင်း သိမှတ်ဖွယ်ရာတွေကို တယ်လီကျန်းမာ - Telekyanmar ဖေစ့်ဘွတ်ပေချ့်မှာ ပြည့်ပြည့်စုံစုံ ရေးသားပေးထားတဲ့အတွက် သွားရောက် ဖတ်ရှု့သင့်ပါတယ်။

    တယ်လီကျန်းမာ - Telekyanmar ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Severe diarrheaပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဂျိုးဖြူရေdiarrhea cases in YangonJoe Phyu
    Read Full Article
    Claim :   ဂျိုးဖြူရေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!