BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

အာဏာသိမ်းဆန္ဒပြပွဲက ဓါတ်ပုံကိုအသုံးပြုပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့်တွဲဖက်အသုံးပြုကာ အသုံးပြုကာ ပြန်လည်လွတ်မြောက်လာဟန် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 Feb 2023 9:12 AM IST
  • ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ KAKA Drama နဲ့ TepPon News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ပူးတွဲပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါး ရှိတဲ့ ဗွီဒီယိုတစ်ခုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အလံကိုင်ထားတဲ့ ပြည်သူအများအပြားပါဝင်တဲ့ ပုံတွေကို ပြုပြင်အသုံးပြုကာ ‘ပြည်သူတွေ သိန်းချီလမ်းမပေါ် ကြိုဆိုနေပြီ။ ဒေါက်ဖိနပ်ခေါက်သံကြားရပြီ။ US သမ္မတကိုယ်တိုင် လွှတ်ခိုင်းတာ။ ပြည်သူသိန်းချီ လမ်းမပေါ် ကြိုဆိုနေကြပြီ’ ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ပြည်သူတွေ သိန်းချီလမ်းမပေါ် ကြိုဆိုနေပြီ။ ဒေါက်ဖိနပ်ခေါက်သံကြားရပြီ။ US သမ္မတကိုယ်တိုင် လွှတ်ခိုင်းတာ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဗွီဒီယိုထဲမှာ RFA သတင်းဌာနမှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက တင်ထားတဲ့ ‘အတိုင်ပင်ခံနဲ့ သမ္မတတို့ အမှုတွေ နောက်ဆုံးအဆင့် ပြင်ဆင်ချက်တင်ထား’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါ။


    RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်၊ နောက်ခံဓါတ်ပုံတွေမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားက ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အတိုင်ပင်ခံလွတ်မြောက်ဒေါ်အောင်ဆန်းစုကြည်ClickbatsFakenewsMilitary Coup MyanmarState Counselor
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!