BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်သမ္မတ ရှီကျင့်ဖျင် တာဝန်က...
သတင်းအတု

တရုတ်သမ္မတ ရှီကျင့်ဖျင် တာဝန်က အနားပေးခံရတယ်ဆိုတဲ့ သတင်းအမှား

တရုတ် ထိပ်ပိုင်းအစည်းအဝေးပွဲတစ်ခု ပြီးချိန်မှာ သမ္မတ ရှီကျင့်ဖျင်ကို အာဏာရုတ်သိမ်းကာ အနားပေးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  31 Oct 2025 10:10 AM IST
  • တရုတ်သမ္မတ ရှီကျင့်ဖျင် တာဝန်က အနားပေးခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Alyx_Biil ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်ထိပ်ပိုင်းအစည်းအဝေးပွဲကြီးပြီးချိန်မှာ အာဏာရပ်ဆိုင်း အနားပေး ခံလိုက်ရတဲ့ သမ္မတ ရှီကျင့်ဖျင်။ ရှီကျင့်ဖျင်နေရာမှာ အစားထိုးလာတော့မယ့် ဝမ်ယန်' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်သမ္မတ ရှီကျင့်ဖျင် တာဝန်က အနားပေးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ ဒီနေ့ (အောက်တိုဘာ ၃၀) မနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံမှာ တွေ့ဆုံမှုအပြီး လူတွေစိတ်ဝင်စားမှု မြင့်တက်နေချိန်မှာ တမင်လုပ်ကြံပြီး သတင်းမှားဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။

    ဗီဒီယိုထဲမှာလည်း မည်သည့် သတင်းဌာန၊ မည်သည့် နိင်ငံပိုင်အဖွဲ့အစည်းတွေ ဆီမှာမှ ထုတ်ပြန်မထားတဲ့ အထောက်အထားမဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာ တွေ့ရပါတယ်။

    သမ္မတ ထရမ့်နဲ့ သမ္မတ ရှီကျင့်ဖျင် တို့ဟာ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာလ ၁ ရက် အထိ တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ဂျီယောင်ဂျူးမြို့မှာ ကျင်းပမယ့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံ (APAC) အစည်းအဝေးမစခင် သီးခြားဆွေးနွေးကြတာဖြစ်ပြီး ဒါက ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာခဲ့ပြီးကတည်းက သူတို့နှစ်ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှု ဖြစ်တယ်လို့ သိရပါတယ်။

    ဒီနေ့ မနက် ဆွေးနွေးပွဲရလဒ် အောင်မြင်မှုကို ၁ ကနေ ၁၀ အထိအဆင့်သတ်မှတ်မယ်ဆိုရင် ဘယ်အဆင့်မှာ ရှိနေမလဲလို့ သတင်းထောက်တွေက မေးရာမှာတော့ ထရမ့်က အဆင့် ၁၂ အထိ သတ်မှတ်ရင် ၁၀ လောက်ရှိတယ်လို့ ပြန်ပြောခဲ့ကြောင်း ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင် တာဝန်က အနားပေးခံရတယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ လက်တလော စိတ်ဝင်စားမှု မြင့်တက်နေတဲ့ အကြောင်းအရာကို အခြေခံပြီး သတင်းတု၊ သတင်းမှားတွေ တမင်လုပ်ကြံဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Xi JinpingFakenewsChinese Presidentအာဏာလုသတင်းတုသတင်းမှားရှီကျင့်ဖျင် ဖမ်းဆီးခံရ
    Read Full Article
    Claim :   တရုတ်သမ္မတ ရှီကျင့်ဖျင် တာဝန်က အနားပေးခံရတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!