BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ...
သတင်းအတု

ခေါင်းစဉ်အတုတွေနဲ့ဖြန့်ဝေတဲ့သတင်းအမှား

တရုတ်ရာဇသံ ပေးပြီ၊ စစ်တပ်ကျရှုံးသွားပြီနဲ့ NUG အနိုင်ရပြီဆိုပြီး အဆက်အစပ် အထောက်အထား အကိုးအကားမရှိပဲ ရေးသားဖြန့်ဝေ ထားတဲ့အကြောင်းအရာတစ်ခုကို သတင်းတုသတင်းမှားဖြန့်ဝေတဲ့ ဖေ့စဘ်ဘွတ်ပေ့ချ်တချို့ကဖြန့်ဝေလာပါတယ်။

By - Boom Live Myanmar |
Published -  27 Dec 2023 5:21 PM IST
  • ခေါင်းစဉ်အတုတွေနဲ့ဖြန့်ဝေတဲ့သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MM TOP DAILY ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၅ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘တရုတ်ရာဇသံ ပေးပြီဟေ့။ မအလ ကျရှုံးပြီ။ ပွဲပြ‌တ်သွားပြီဗျို့။ NUG အနိုင်ရပြီ။ စစ်သားများ တပ်ရင်းလိုက်၊ တပ်မလိုက် အညံ့ခံပြီ’ စတဲ့အစပ်အဆက်မရှိတဲ့အချက်အလက်တွေကို လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီခေါင်းစဉ်တွေနဲ့ဖြန့်ဝေထားတဲ့အကြောင်းအရာတွေဟာ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    လက်ရှိမှာ စစ်ကောင်စီအနေနဲ့ တိုင်းရင်းသား မဟာမိတ်တပ်တွေနဲ့ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်နေပြီး တပ်ရင်းလိုက်အညံ့ခံ နေရမှုတွေ ရှိနေပါတယ်။ သို့ပေမယ့် တရုတ်က ရာဇသံပေးတယ်ဆိုတာနဲ့ NUG အနိုင်ရပြီဆိုတဲ့ အချက်တွေဟာ မှားယွင်းပါတယ်။

    ဒီလို ဖေစ့်ဘွတ်အတုတွေမှာ ဖြန့်ဝေနေတဲ့ သတင်းတုအများစုဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ သတင်းတွေကို ကိုးကားပြီး အမှားအမှန် ရောထွေး နေတဲ့ အကြောင်းအရာတွေ၊ ဗီဒီယိုကာဗာပေါ်မှာ ရေးထားတဲ့ အကြောင်းအရာနဲ့ ဗီဒီယိုအတွင်းက အကြောင်းအရာ လွဲနေတာတွေနဲ့ ခေါင်းစဉ်မတူတဲ့ တခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတဲ့ အကြောင်းအရာတွေ အများဆုံးဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    တရုတ်အရေးNUG အနိုင်ရတရုတ်ရာဇသံပေးစစ်ကောင်စီMilitary CoupFakenewsClickbaits
    Read Full Article
    Claim :   စစ်တပ်ကို တရုတ်ရာဇသံ ပေးပြီး NUG အနိုင်ရပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!