BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုပ်ရှင်ဇာတ်ကားနာမည်ကို ပုံဖျက်ပြီး...
သတင်းအတု

ရုပ်ရှင်ဇာတ်ကားနာမည်ကို ပုံဖျက်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

ရုပ်ရှင်ဇာတ်ကားနာမည်ကို ပြန်လည်ပြုပြင်ပုံဖျက်ပြီး ဟာသအဖြစ်ဖန်တီးကာ ဖြန့်ဝေနေမှုကို အမှန်တကယ်ထင်နေသူ အများအပြား ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  30 May 2023 8:24 AM IST
  • ရုပ်ရှင်ဇာတ်ကားနာမည်ကို ပုံဖျက်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

    ဒီအကြောင်းအရာကို ဘယ်သူက ဖေစ့်ဘွတ်ပေါ်မှာ စတင်ဖြန့်ဝေခဲ့တယ်ဆိုတာ မသိရှိရပေမယ့် ပြီးခဲ့တဲ့နှစ်ကတည်းက လူအများဖြန့်ဝေနေတာဖြစ်ပြီး အခုအခါမှာလည်း ထပ်မံဖြန့်ဝေလာတာ ဖြစ်ပါတယ်။အခုတစ်ခေါက် ထပ်မံဖြန့်ဝေမှုကို The City Bird Farm ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၆ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဒီအကြောင်းအရာကို ဖြန့်ဝေသူ အများစုဟာ ပုံဖျက်ထားတဲ့ ဇာတ်ကားနာမည်ပါ ဓာတ်ပုံနဲ့အတူ ခေါင်းစဉ်အမျိုးမျိုးရေးသားပြီး ထပ်ဆင့်မျှဝေနေတာဖြစ်ပါတယ်။ဒီအကြောင်းအရာကို ဟာသအနေနဲ့ ဖြန့်ဝေနေတယ်ဆိုပေမယ့် ဒါကို တကယ်ယုံကြည်နေသူတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတဲ့ ဓာတ်ပုံဟာ 'နှစ်ပတ်အလို' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား နာမည်ဟာ စာလုံးပေါင်းသတ်ပုံတွေ ပြင်ဆင်ဖြတ်တောက်ပြီး ရိုင်းစိုင်းတဲ့အသုံးအနှုန်းမျိုးဖြစ်အောင် ပြင်ဆင်ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဆိုပါဇာတ်ကားရဲ့ မူရင်းရုပ်ရှင်ပိုစတာကို အောက်မှာကြည့်ပါ။


    ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ ကိုယ်တိုင်ရေး ဝထ္ထုကို ရိုက်ကူးထားတဲ့ 'နှစ်ပတ်အလို' ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင် ပြေတီဦးနဲ့ ဝတ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Film House Production ကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

    တချို့ဖြန့်ဝေမှုတွေက ဟာသအနေနဲ့ ဖြန့်ဝေကြတယ်ဆိုပေမယ့် တချို့ကတော့ ဝင်ရောက်ကြည့်ရှုသူ များအောင် ဓာတ်ပုံတွေကို တမင်ပြုပြင်ပြီး အချက်အလက်အမှားတွေ ထည့်ကာ ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

    Tags

    movieFakenewsFake Imageနှစ်ပတ်အလိုTwo Weeks NoticeFalse images
    Read Full Article
    Claim :   ရုပ်ရှင်ဇာတ်ကားနာမည်ကို ပြန်လည်ပြုပြင်ပုံဖျက်ပြီး ဟာသလုပ် ဖြန့်ဝေမှုတွေ ရှိနေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!