BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်နဂါး အဖမ်းခံရတယ်ဆိုတဲ့...
သတင်းအတု

ဗိုလ်နဂါး အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

ဝမ်ပေါင်ဆီက သိန်းပေါင်း တစ်သောင်းယူမိလို့ ဗိုလ်နဂါး အဖမ်းခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  21 Dec 2023 12:02 PM IST
  • ဗိုလ်နဂါး အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ HT news ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘လိုင်းပေါ်ပျံနေတဲ့ နဂါး ထိန်းသိမ်းခံရတယ်ကြားလို့ တကယ်လား။ ဝမ်ပေါင်ကနေ သိန်းတစ်သောင်းယူမိတယ်ဆိုပဲ’ လို့ ရေးသားထားပါတယ်။

    ဗီဒီယိုကာဗာပုံပေါ်မှာတော့ ‘ဗိုလ်နဂါးအဖွဲ့ ဘာကြောင့် အဖမ်းခံရတာလဲ။ ကျည်မကုန်ဘဲ လောင်ကိုင်သိမ်းပီးအလံလွင့်ထူ။ ဝိုးငှက်ကင် (၅၀) ကျော်ပီဆိုပဲ။ မအလလေယာဉ်တွေကို တီးပီ’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်နဂါး အဖမ်းခံရတယ်ဆိုတဲ့ ကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    လက်ရှိမှာ ဗိုလ်နဂါးရဲ့ BNRA ပြည်သာယာ စစ်ကြောင်းက ဒုရင်းမှူး မြင့်စိုး အပါအဝင် ရဲဘော် ၁၅ ဦးနဲ့ ပြည်သူ တစ်ဦးကို NUG MOD ကန့်ဘလူခရိုင် ပကဖ နဲ့ တပ်ရင်း ၄ ကနေ ဖမ်းဆီးထားတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ BNRA ဘက်က တောင်းဆိုထားတာ ရှိပါတယ်။

    ဒါပေမယ့် ဒီအဖမ်းခံရတဲ့ အထဲမှာ ဗိုလ်နဂါး မပါဝင်သလို ဝမ်ပေါင်ရဲ့ သိန်းတစ်သောင်း ကိစ္စနဲ့လည်း မသက်ဆိုင်ဘူးလို့ သိရပါတယ်။

    BNRA တပ်ဖွဲ့ဝင်တွေ အဖမ်းခံရတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး အချို့မီဒီယာတွေမှာ BNRA ဘက်က တာဝန်ရှိသူအချို့နဲ့ အင်တာဗျူး ထားတာတွေလည်း ဖော်ပြနေပါတယ်။

    မီဒီယာအချို့မှာ ဖော်ပြထားချက်အရ ဒီဇင်ဘာ ၁၆ရက်နေ့မှာ ဒုတပ်ရင်းမှူး မြင့်စိုး၊ တပ်ခွဲမှူးကျော်သူ၊ တပ်စုမှူးဘဒင်နဲ့ ရပ်ကျေး ပအဖ တာဝန်ခံ တို့ကို ခရိုင်ပကဖ တာဝန်ခံက တွေ့ဆုံဖို့ဆိုပြီး မြေမွန်ရွာ စာသင်ကျောင်းဆီ ခေါ်ဆောင်သွားကာ အင်အားသုံး ချုပ်နှောင် ဖမ်းဆီးကြောင်း၊ ဖုန်းဆက်သွယ်မှု မရလို့ လိုက်လံခေါ်ဆောင် သူတွေကိုပါ ထပ်မံချုပ်နှောင်ပြီး တပ်စုတည်နေရာကို အင်အားသုံး ရှာဖွေမှုတွေ ပြုလုပ်ပြီး နယ်မြေခံတပ်ခွဲမှူးရဲ့ ဇနီးအပါအဝင် စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးထားကြောင်း ရေးသားထားပါတယ်။

    ဒါကြောင့် ခုဖြန့်ဝေနေသလို ဗိုလ်နဂါးကို ဖမ်းဆီးခံထားရတာ မဟုတ်ပါဘူး။ လူအများစိတ်ဝင်စားအောင် ခေါင်းစဉ်မှာ တလွဲရေးပြီး ဖြန့်ဝေနေတာသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitary CoupClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်းဗိုလ်နဂါး
    Read Full Article
    Claim :   ဝမ်ပေါင်ဆီက သိန်းပေါင်း တစ်သောင်းယူမိလို့ ဗိုလ်နဂါး အဖမ်းခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!