BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်နဂါးက နယ်မြေတောင်းဆိုပြီး...
သတင်းအတု

ဗိုလ်နဂါးက နယ်မြေတောင်းဆိုပြီး ခွဲထွက်မယ်ဆိုတဲ့ သတင်းအမှား

မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA က ဗိုလ်နဂါးအနေနဲ့ နယ်မြေတောင်းဆိုကာ မရပါက ခွဲထွက်မယ်လို့ ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာဟာ တမင်ဖန်တီးရေးသားထားတဲ့အကြောင်းအရာသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 Sept 2022 6:23 PM IST
  • ဗိုလ်နဂါးက နယ်မြေတောင်းဆိုပြီး ခွဲထွက်မယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားကို HT news ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းအရာကို ၂၅ မိနစ်ခန့်ကြာတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဖြန့်ဝေခဲ့တာဖြစ်ပြီး 'ဗိုလ်နဂါး တောင်းဆိုလိုက်ပြီ။ ဒါမမရရင် ခွဲထွက်မယ်တဲ့' ဆိုတဲ့ခေါင်းစဉ်ကို ဗီဒီယိုကာဗာပုံမှာ ရေးသားပြီးဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီခေါင်းစဉ်နဲ့ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ National Support Team (NST) ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက Live တင်ဆက်ခဲ့တဲ့ အရေးတကြီးဖွင့်လှစ်ရမည့် တော်လှန်ရေးတံခါးချပ်များ - ၃ (ဒုတိယပိုင်း) အစီအစဉ်မှာ NUG တရားရေးဝန်ကြီး ဦးသိန်းဦးနဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA က ဗိုလ်နဂါးက ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်ိကိုထည့်သွင်းထားတာတွေ့ရပါတယ်။

    NST ရဲ့ Live တင်ဆက်ထားတဲ့ ဗွီဒီယိုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒီအစီအစဉ်မှာ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းရေး ကော်မတီ(FCDCC) ရဲ့ ဒုတိယမူကြမ်းကို ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ်အသုံးပြုရေးနှင့် ဗမာပြည်နယ်ဖွဲ့စည်းရေး အကြောင်းအရာကို ဗိုလ်နဂါးက မေးမြန်းထားတာဖြစ်ပြီး NUG တရားရေးဝန်ကြီး ဦးသိန်းဦးက ပြန်လည်ဖြေကြားထားတာ ဖြစ်ပါတယ်။

    ဗိုလ်နဂါးရဲ့ ပြောကြားချက်တွေထဲမှာ ဗမာပြည်နယ်ပေါ်ပေါက်လာရေးက ဘာကြောင့် အရေးကြီးလဲဆိုတာ သိလိုကြောင်း၊ မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက် စစ်ကောင်စီဆီက တိုင်းပြည်ရဲ့ အခွန်တွေ အာဏာတွေ ပြန်ရတဲ့အချိန်မှာ အားလုံးသာတူညီမျှဖြစ်ဖို့ ကိစ္စတွေကို နက်နက်နဲနဲ အခြေခံကျကျ စီစဉ်ရမှာဖြစ်ကြောင်း၊ အားလုံးဟာ တိုင်းရင်းသားတွေဖြစ်ကြောင်းနဲ့ ဗမာလည်း တိုင်းရင်းသားဖြစ်တဲ့အတွက် ခွဲခြားမမြင်သင့်ကြောင်းတွေ ပြောဆိုထားတာပါ။

    ဗိုလ်နဂါးရဲ့ ပြောဆိုမှုထဲမှာ နယ်မြေတောင်းဆိုချက်နဲ့ မရပါက ခွဲထွက်မယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ခြင်း မရှိပါဘူး။ အခုဖြန့်ဝေနေတာတွေဟာ ဆွေးနွေးမှုတစ်ခုကိုအခြေပြုပြီး နားလည်မှုလွ‌ြစေနိုင်တဲ့ ခေါင်းစဉ်မျိုးဖန်တီးပြီးလုပ်ကြံဖြန့်ဝေထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

    Tags

    ဗမာပြည်နယ်ပေါ်ပေါက်လာရေးclaimed territoryနယ်မြေတောင်းဆိုFakenewsMilitary Coup
    Read Full Article
    Claim :   ဗိုလ်နဂါးက နယ်မြေတောင်းဆိုကာ မရပါက ခွဲထွက်မယ်လို့ ပြောဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!