BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထူးဆန်းတဲ့ ဘုရားလိပ်ဆိုပြီး...
သတင်းအတု

ထူးဆန်းတဲ့ ဘုရားလိပ်ဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

လူတွေရဲ့ ပြုပြင် အလှဆင်ခံထားရတဲ့ လိပ်တစ်ကောင်ကို ဗီဒီယိုရိုက်ကူးပြီး ဘုရားလိပ်၊ ထူးဆန်းသော လိပ်ဘုရင်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက် အမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  20 May 2024 9:05 PM IST
  • ထူးဆန်းတဲ့ ဘုရားလိပ်ဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

    ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ဒီလအစောပိုင်းမှာ ပုံစံတစ်မျိုးနဲ့ ထပ်မံဖြန့်ဝေလာနေတာတွေ ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ပုံသဏ္ဍန် မမှန်တဲ့ လိပ်တစ်ကောင်ကို ကိုင်တွယ်ပြီး စကားပြောနေတာတဲ့ ၄၂ စက္ကန့် ကြာ ဗီဒီယိုကို'ဘုရားလိပ် ဘုရားလိပ် ထိုက်လို့မြင်ရတာ မြင်ရခဲတယ် ရှယ်သွား။ ဘုရားလိပ် ဘုရားလိပ် ထိုက်လို့မြင်ရတာ မြင်ရခဲတယ်လို့။ ထူးဆန်းသော လိပ်ဘုရင် ထိုက်လို့မြင်သူ တွေ့သူ လိုရာဆုတောင်း ရှယ်ယူပါ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ အချက်အလက်အမှားတွေသာ ဖြစ်ပါတယ်။

    ဗီဒီယိုဖိုင်ထဲက လိပ်ဟာ လိပ်ပါးနီ (Red-eared Slider) ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျူးကျော်မျိုးစိတ်ဖြစ်ပါတယ်။

    မျိုးရင်းက အမေရိကန်နိုင်ငံ အလယ်ပိုင်းပိုင်းက ဖြစ်ပြီး သက်တမ်း နှစ် ၄၀ လောက်အထိ ရှင်သနန်နေထိုင်နိုင်တဲ့ မျိုးစိတ်ဖြစ်တယ်လို့ တိရစ္ဆာန်တွေအကြောင်း အသိပညာ ဖြန့်ဝေနေတဲ့ Responsible animal keeping ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားပါတယ်။

    Responsible animal keeping ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Native Species Conservation & Identification ဆိုတဲ့ ပေချ့်မှာလည်း စတစ်ကာကပ်ခံရတဲ့ အလှမွေးလိပ်ပါးနီတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှင်းလင်းထားပါသေးတယ်။


    NSCI Team ရဲ့ ရှင်းလင်းမှုထဲမှာ လိပ်တွေဟာ နေရောင်ခြည်ကနေ UVA UVB နဲ့ သူတို့အတွက် လိုအပ်တဲ့ တခြား ဓာတ်တွေကို စုပ်ယူရကြောင်း၊ ဒီလိုစုပ်ယူဖို့အတွက် သူတို့ရဲ့အခွံနဲ့ အရေပြား ကိုအဓိကအသုံးပြုပြီး ဆိုလာပြားတွေနေပူလှန်းရသလို နေရောင်အောက်မှာ နေရောင်ခံရကြောင်း၊ ရတဲ့ဓာတ်တွေကို သူတို့ရဲ့ ရောဂါတွေ ကုသဖို့အတွက် ပြန်လည်အသုံးချတာဖြစ်ကြောင်း၊ ဒီဖြစ်စဉ်ဟာ လိပ်တိုင်း အသက်ရှင်ရပ်တည်ဖို့ မဖြစ်မနေလိုအပ်တဲ့ဖြစ်စဉ်ပဲဖြစ်ကြောင်း၊ အခုမြင်တွေ့နေရတဲ့ စတစ်ကာကပ်မှုတွေဟာ လိပ်အခွံကို နေရောင်စုပ်ယူမရအောင် အလွှာထူကြီးကာထားသလို ဖြစ်စေကြောင်း၊ စတစ်ကာကြေင်း လိပ်တွေဟာ နေရောင်ခြည်ကို လုံလောက်စွာ မရတော့ဘဲ ဇီဝကမ္မဖြစ်စဉ်တွေ ကစဉ့်ကလျားဖြစ်ပြီး ပြင်ပရောဂါတွေအလွယ်တကူဝင်ရောက်လာတဲ့အပြင် ကယ်လ်ဆီယမ်ချို့တဲ့ခြင်းကြောင့် အရိုးနဲ့အခွံရောဂါတွေပါ ရရှိလာကြောင်း၊ စတစ်ကာအကပ်ခံထားရတဲ့ လိပ်ပါးနီ၁၀ကောင်မှာ ၅ ကောင်လောက်က အရိုးနဲ့အခွံရောဂါတွေ (MBD-Metabolic bone disease )ဖြစ်ပွါးဖို့ သေချာသလောက်ရှိပြီး လူက စတစ်ကာကို ပြန်ခွါတဲ့အခါမှာလည်း လိပ်တွေရဲ့အခွံမှာ ပွန်းပဲ့တဲ့ဒဏ်ရာတွေရနိုင်သေးကြောင်း၊ စတစ်ကာကပ်ခံထားရတဲ့ လိပ်ပါးနီတွေကို အလှမွေး တိရောင်းဝယ်သူတွေ အနေနဲ့လည်း မရောင်းသင့်ကြောင်းတွေ ရေးသားထားပါတယ်။

    NSCI Team ရဲ့ ရှင်းလင်းဖြေထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    သဘာဝပတ်ဝန်းကျင်အလှမွေးလိပ်ပါးနီဘုရားလိပ်ကျူးကျော်မျိုးစိတ်TurtleMisinformationလိပ်ဘုရင်Fake video
    Read Full Article
    Claim :   ထူးဆန်းတဲ့ ဘုရားလိပ်ဆိုလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!