BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မက်ဆီပုံနဲ့ ငွေစက္ကူထုတ်မယ်ဆိုတာ...
သတင်းအတု

မက်ဆီပုံနဲ့ ငွေစက္ကူထုတ်မယ်ဆိုတာ မဟုတ်ပါ

အာဂျင်တီးနား ဗဟိုဘဏ်က ဘောလုံးသမား မက်ဆီပုံပါဝင်တဲ့ ပီဆို ၁၀၀၀ တန် ငွေစက္ကူတွေ ထုတ်ဝေမယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 Dec 2022 9:39 AM IST
  • မက်ဆီပုံနဲ့ ငွေစက္ကူထုတ်မယ်ဆိုတာ မဟုတ်ပါ

    ဒီသတင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပွဲပြီးချိန်က စပြီး နိုင်ငံတကာရဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပြီး သတင်းအမှားတွေနဲ့ လူတွေကို ဆွဲဆောင်လေ့ရှိတဲ့ ယူကေအခြေစိုက် သတင်းစာတွေမှာလည်း ရေးသားဖော်ပြထားပါသေးတယ်။

    မြန်မာနိုင်ငံမှာလည်း ယူကေနဲ့ ပက်သက်တဲ့ သတင်းတွေ ရေးသားဖော်ပြတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ အားကစားပေချ့်တွေမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းကစပြီး အပြိုင်အဆိုင် ဖြန့်ဝေနေပါတယ်။

    ဖြန့်ဝေရာမှာ မက်ဆီပုံပါဝင်တဲ့ ငွေစက္ကူဓါတ်ပုံနဲ့အတူ'ကမ္ဘာ့ချန်ပီယံအသင်းကို ဂုဏ်ပြုလိုက်တဲ့ အာဂျင်တီးနား။ အာဂျင်တီးနား အစိုးရကတော့ ကာတာမှာ အောင်ပွဲရလာခဲ့တဲ့ အသင်းကို ချက်ချင်း ဂုဏ်ပြုလိုက်ပါတယ်။ အသင်းခေါင်းဆောင် မက်ဆီပုံပါတဲ့ ပီဆို ၁၀၀၀ တန်အပြင် ၂၀၂၂ ကမ္ဘာ့ချန်ပီယံအသင်းသားတွေနဲ့ ငွေစက္ကူကို တရား၀င်ထုတ်လိုက်တာ ဖြစ်ပါတယ်' ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို အိန္ဒိယအခြေစိုက် BOOM သတင်းအဖွဲ့က အာဂျင်တီးနား ဗဟိုဘဏ် Banco Central De La República Argentina (BCRA) မှ ပြောရေးဆိုခွင့်ရှိသူ Fernando Alonso ကို ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းအမှားသာဖြစ်ကြောင်းနဲ့ မက်ဆီပုံနဲ့ ဂုဏ်ပြုထုတ်ဝေမယ့် အစီအစဉ်မရှိဘူးလို့ ပြန်လည်ပြောဆိုထားပါတယ်။


    အာဂျင်တီးနားရဲ့ ပထမဆုံးကမ္ဘာ့ဖလားရရှိခဲ့တဲ့ 1978 ခုနှစ်မှာ ဗဟိုဘဏ်က ဂုဏ်ပြုအထိမ်းအမှတ် ဒင်္ဂါးတွေ ထုတ်လုပ်ခဲ့တာကလည်း အခုလို အောင်ပွဲထပ်ရချိန်မှာ ဂုဏ်ပြုငွေစက္ကူတွေ ထပ်ထုတ်မလားဆိုပြီး ဖြစ်ခဲ့ပုံရတယ်လို့ သတင်းထဲမှာ ဖေါ်ပြထားပါတယ်။

    အင်္ဂလိပ်ဘာသာစကားနဲ့ ဖော်ပြထားတဲ့ BOOM ရဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားဖြစ်ကြောင်း စပိန်ဘာသာနဲ့ ထုတ်ဝေတဲ့ အာဂျင်တီးနားအခြေစိုက် Chequeado ဆိုတဲ့ သတင်းဆန်းစစ်တဲ့ အဖွဲ့ကလည်း ဒါဟာ သတင်းအမှားဖြစ်ကြောင်း ထောက်ပြပြောဆိုထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Lionel MessiArgentinaFIFA World Cup 2022FIFAFact CheckFake Newsအာဂျင်တီးနားကမ္ဘာ့ဖလားလီယွန်နယ်မက်ဆီ
    Read Full Article
    Claim :   အာဂျင်တီးနား ဗဟိုဘဏ်က ဘောလုံးသမား မက်ဆီပုံပါဝင်တဲ့ ပီဆို ၁၀၀၀ တန် ငွေစက္ကူတွေ ထုတ်ဝေမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!