BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြဝတီကို အမေရိကန်စစ်သားတွေ...
သတင်းအတု

မြဝတီကို အမေရိကန်စစ်သားတွေ စစ်ကူပို့နေတယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) အရ မြဝတီကို အမေရိကန်စစ်သား တစ်ထောင် စစ်ကူပို့နေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 April 2024 8:34 AM IST
  • မြဝတီကို အမေရိကန်စစ်သားတွေ စစ်ကူပို့နေတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြန်မာ့အရေး အမေရိကန်ဝင်စွက်ဖက်ပြီ။ NDAA အရ မြဝတီဘက်ကို အမေရိကန်စစ်သား (၁၀၀၀) စစ်ကူပို့နေပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ ငါးသောင်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြဝတီကို အမေရိကန်စစ်သား တစ်ထောင် စစ်ကူပို့နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဧပြီလ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ ‘ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်တွင် တရားမဝင် စစ်အုပ်စုကို “မြန်မာနိုင်ငံအစိုးရ” အဖြစ် ပုံဖော်ထားပြီး စစ်အုပ်စုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် တွန်းအားပေးထား’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းထဲမှာ မြဝတီကို အမေရိကန်စစ်သား တစ်ထောင် စစ်ကူပို့နေပြီဆိုတဲ့ အကြောင်းအရာမပါဝင်သလို ယုံကြည်စိတ်ချရတဲ့ အခြားသတင်း ဌာနတွေမှာလည်း ဒီလိုအကြောင်းအရာမျိုး ဖော်ပြထားတာ မရှိပါဘူး။

    အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ဟာ ၁၉၆၁ ခုနှစ်ကစပြီး အနှစ် ၆၀ အတွင်း နှစ်စဥ် ဥပဒေပြင်ဆင်ထုတ်ပြန်နေတဲ့ ဥပဒေဖြစ်ပြီး ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် အတွက် ပြဌာန်းတဲ့ အက်ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ Burma Act ဆိုတဲ့ ဥပဒေတရပ် ပါဝင်လာတာ ဖြစ်ပါတယ်။ Burma Act ထဲမှာ စစ်ကောင်စီကို အရေးယူဖို့၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို တရားဝင်အသိအမှတ်ပြု ကူညီပံ့ပိုးတာတွေအပြင် တရုတ်နဲ့ ရုရှားတို့ရဲ့ ခြေလှမ်းတွေကို အမေရိကန်က မဟာဗျူဟာ နည်းကျတုံ့ပြန်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဥပဒေထဲမှာ မြန်မာနိုင်ငံက အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစု တွေအတွက် ကူညီထောက်ပံ့ပေးမယ့် ကိစ္စတွေ ပါဝင်လာတယ်ဆိုပေမယ့် အခုဖြန့်ဝေနေသလို လက်နက် ထောက်ပံ့တာ၊ အမေရိကန် စစ်သားတွေ စစ်ကူပေးမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    NDAA ဥပဒေNUGBurma ActFakenewsMilitary Coupအမေရိကန်စစ်ကူUS troopsUS troops sent to Myanmar
    Read Full Article
    Claim :   မြဝတီကို အမေရိကန်စစ်သားတွေ စစ်ကူပို့နေတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!