BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF တွေကြောင့် ကယားက...
သတင်းအတု

PDF တွေကြောင့် ကယားက နေအိမ်တစ်ထောင်နီးပါး ဖျက်ဆီးခံရဆိုတဲ့ သတင်းအမှား

အာဏာသိမ်းပြီးနောက်ပိုင်း PDF တွေ လက်ချက်နဲ့ ကယားပြည်နယ်ထဲက နေအိမ်ပေါင်း ၉၆၇ လုံး ဖျက်ဆီးခံခဲ့ရတယ်ဆိုတဲ့အကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့မီဒီယာတွေနဲ့ page ပုံဖျက်ရေးသားဖြန့်ဝေမှုတွေထွက်ပေါ်လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  21 April 2022 10:05 AM IST
  • PDF တွေကြောင့် ကယားက နေအိမ်တစ်ထောင်နီးပါး ဖျက်ဆီးခံရဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို ဧပြီလ ၂၀ ရက်နေ့ ညပိုင်းကစတင်ပြီး စစ်တပ်လော်ဘီ မီဒီယာတွေနဲ့ ဖေစ့်ဘွတ်အကောင့်တွေမှာ ရေးသားဖြန့်ဝေ နေတာပါ။ ဖြန့်ဝေရာမှာ "တပ်မတော်က နိုင်ငံတော်အာဏာကို ရယူပြီးတဲ့နောက်ပိုင်း PDF အမည်ခံ အကြမ်းဖက် အုပ်စုတွေရဲ့ လက်ချက်နဲ့ ကယားပြည်နယ်က နေအိမ်တစ်ထောင်နီးပါး ဖျက်ဆီးခံရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ကထုတ်ပြန်ကြောင်း၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ နေအိမ် ၅၆၄ လုံး၊ လွိုင်ကော်မှာ ၁ဝ၈ လုံး၊ ဖရူဆိုမှာ ၃၉ လုံး၊ ဖယ်ခုံမှာ ၂၅၆ လုံး ဖျက်ဆီးခံရတာဖြစ်ကြောင်း" အဆိုပါဖြန့်ဝေမှုမှာပါဝင်ပါတယ်။

    တချို့ဖြန့်ဝေမှုတွေမှာတော့ PKPF က ထုတ်ပြန်တယ်ဆိုတဲ့နေရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-SAC ထုတ်ပြန်တယ်လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အဆိုပါရေးသားဖြန့်ဝေမှုတွေဟာ မူရင်ဖြစ်စဉ်တွေကို စုံစမ်းပြုစုထားတဲ့ PKDF ရဲ့စာရင်းအပေါ်မှာ ပုံဖျက်ပြီးပြောင်းလဲရေးသားထားတဲ့အကြောင်းအရာဖြစ်ပါတယ်။ PKDF ရဲ့ထုတ်ပြန်ချက်ထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးတာ ရှိခဲ့သလို၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ဒေသခံ အရပ်သားတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ PKPF က ပြောထားသလို၊ မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်တွေဟာ စစ်ကောင်စီလက်ချက်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။

    အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ) ပြည်နယ်ထဲမှာ နေအိမ်ပေါင်း ၉၆၇ လုံး ဖျက်ဆီးခံခဲ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ကထုတ်ပြန်တယ်ဆိုတဲ့ သတင်းကို RFA သတင်းဌာနမှာ ဧပြီလ ၂၀ ရက်နေ့မှာ ဖော်ပြထားပါတယ်။


    ဒီအကြောင်းအရာကို လက်ရှိဖြန့်ဝေရာမှာတော့ မူရင်းသတင်းကအချက်အလက်တွေကိုပဲ အသုံးပြုပြီး စစ်ကောင်စီတပ်သားတွေနေရာမှာ PDF တွေ လက်ချက်ဖြစ်တယ်လို့ ပြင်ဆင်ရေးသားပြီး သတင်းအမှား ဖြန့်ဝေနေတာဖြစ်ပါတယ်။ RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ကရင်နီပြည်နယ်Kayah Stateဒီးမော့ဆိုမြို့နယ်ကယားပြည်နယ်နေအိမ်တစ်ထောင်နီးပါး ဖျက်ဆီးPDFFakenewsSACMilitary Coup
    Read Full Article
    Claim :   အာဏာသိမ်းပြီးနောက်ပိုင်း PDF တွေ လက်ချက်နဲ့ ကယားပြည်နယ်ထဲက နေအိမ်ပေါင်း ၉၆၇ လုံး ဖျက်ဆီးခံခဲ့ရ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!