BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်သင်တန်းတက်ဖို့ ငြင်းဆန်သူတွေကို...
      သတင်းအတု

      စစ်သင်တန်းတက်ဖို့ ငြင်းဆန်သူတွေကို ပစ်မိန့်ပေးတယ်ဆိုတဲ့ သတင်းအတု

      စစ်ကောင်စီက Non-CDM ဝန်ထမ်းတွေအားလုံး စစ်သင်တန်းတက်ခိုင်းပြီး ငြင်းဆန်သူတွေကို ပစ်မိန့်ပေးထားတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေလူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

      By - Boom Live Myanmar |
      Published -  28 Feb 2024 6:35 AM IST
    • စစ်သင်တန်းတက်ဖို့ ငြင်းဆန်သူတွေကို ပစ်မိန့်ပေးတယ်ဆိုတဲ့ သတင်းအတု

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ငြင်းဆန်ရင် ပစ်မိန့်ထုတ်။ Non CDM ဝန်ထမ်းတွေအားလုံး စစ်သင်တန်းတက်ခိုင်းလို့ ပွဲဆူကုန်ပြီ' လို့ ရေးသားထားတာပါ။ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ ငါးသောင်းကျော် ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      Non-CDM ဝန်ထမ်းတွေအားလုံး စစ်သင်တန်းတက်ခိုင်းပြီး ငြင်းဆန်သူတွေကို ပစ်မိန့်ပေးထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ သတင်းဌာနတစ်ခုက ဗီဒီယိုဖိုင်ကိုအသုံးပြုပြီးခေါင်းစဉ်အလွဲတပ်ကာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Than Lwin Times သတင်းဌာနမှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ ‘စစ်မှုထမ်းဥပဒေ တပ်တွင်းနဲ့ Non CDM အသိုင်းအဝိုင်းကြား ဘယ်လိုဂယက်ထနေလဲ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

      ဒီသတင်းတွေထဲမှာ Non-CDM ဝန်ထမ်းတွေအားလုံး စစ်သင်တန်းတက်ခိုင်းပြီး ငြင်းဆန်သူတွေကို ပစ်မိန့်ပေးထားတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။


      Than Lwin Times သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      စစ်မှုထမ်းဟောင်းNon-CDMစစ်သင်တန်းစစ်မှုထမ်းဥပဒေmilitary trainingFakenewsClickbaitsပစ်မိန့်ထုတ်
      Read Full Article
      Claim :   Non-CDM ဝန်ထမ်းတွေအားလုံး စစ်သင်တန်းတက်ခိုင်းတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!