BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG ရဲ့ ကိုယ်ပိုင်အင်တာနက်လိုင်းတွေ...
      သတင်းအတု

      NUG ရဲ့ ကိုယ်ပိုင်အင်တာနက်လိုင်းတွေ အခမဲ့သုံးနိုင်ပြီဆိုတဲ့ သတင်းအမှား

      NUG ရဲ့ ကိုယ်ပိုင်အင်တာနက်လိုင်းတွေကို အလှူငွေထည့်ထားသူအားလုံး အခမဲ့ သုံးလို့ရပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  25 Nov 2023 10:02 AM IST
    • NUG ရဲ့ ကိုယ်ပိုင်အင်တာနက်လိုင်းတွေ အခမဲ့သုံးနိုင်ပြီဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MaMa TV I ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ် နီးပါးကြာ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အလှူငွေထည့်ထားသူအားလုံး သုံးလို့ရပြီ နီးစပ်ရာတပ်ဖွဲ့တွေဆီ လျှို့ဝှက်နံပါတ် သွားတောင်းကြပါ။ NUG ရဲ့ ကိုယ်ပိုင်အင်တာနက်လိုင်းတွေ အခမဲ့သုံးလို့ရပြီ။ လက်ရှိ မြို့နယ် ၅ ခုမှာ တော်လှန်ရေး အဖွဲ့တွေ သုံးနေပြီ’ လို့ ရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ NUG ရဲ့ ကိုယ်ပိုင်အင်တာနက်လိုင်းတွေ အခမဲ့သုံးလို့ရပြီ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

      ဗီဒီယိုဖိုင်ထဲမှာတော့ Khit Thit Media မှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီက အင်တာနက် ဖြတ်တောက် ထားသော မြို့နယ် ၅ ခုတွင် အမေရိကန်ဒေါ်လာ ၅ သိန်း အသုံးပြု၍ အင်တာနက် ကောင်းမွန်စွာ သုံးနိုင်ရေး ဆောင်ရွက်မည်ဟု NUG ဆက်သွယ်ရေး ဝန်ကြီးပြောဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

      ဒီသတင်းထဲမှာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ မြို့နယ် ၅ ခုမှာ အင်တာနက် ဆက်သွယ်ရေး တိုးချဲ့မြှင့်တင်ဖို့ Federal Net Campaign ပြုလုပ်ပြီး ဘဏ္ဍာရေး ရန်ပုံငွေရှာဖွေသွားမှာ ဖြစ်တယ်လို့ NUG ဝန်ကြီး ဦးထင်လင်းအောင်က ပြောဆိုတယ်လို့ ရေးသားထားတာပါ။


      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှား ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အများစုဟာ Daily Square ဆိုတဲ့ Youtube ချန်နယ်က သတင်းအမှား ဗီဒီယိုဖိုင်တွေကို ပြန်လည်ကူးယူ ဖော်ပြနေတာ တွေ့ရပါတယ်။


      ဒီချန်နယ်မှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ သတင်းဌာနတွေက သတင်းတွေကို ပြန်လည်ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ဗီဒီယိုတွေ ရှိသလို သတင်းအမှန်နဲ့ အမှား ရောပြီး ကြည့်ရှု့သူတွေ ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

      Tags

      အင်တာနက် ဖြတ်တောက်Internet cutကိုယ်ပိုင်အင်တာနက်လိုင်းအခမဲ့အင်တာနက်Free internetFake newsMilitary Coup
      Read Full Article
      Claim :   NUG ရဲ့ ကိုယ်ပိုင်အင်တာနက်လိုင်းတွေ အခမဲ့သုံးလို့ရပြီလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!