BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မှော်ဘီလေတပ် တိုက်ခိုက်ခံရမှု...
သတင်းအတု

မှော်ဘီလေတပ် တိုက်ခိုက်ခံရမှု ဂျက်ဖိုက်တာ ၅ စီး ပြာကျတယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၅ စီး မီးလောင်ပျက်စီး ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 Oct 2023 8:35 PM IST
  • မှော်ဘီလေတပ် တိုက်ခိုက်ခံရမှု ဂျက်ဖိုက်တာ ၅ စီး ပြာကျတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Oliye Nao ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘S.O.F အဖွဲ့ ရန်ကုန်ရေပေါ်ဆီတွေကိုပါ သတိပေးလိုက်ပါပြီ မလိုက်နာရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါ။ မှော်ဘီလေတပ် နောက်ဆုံးအခြေအနေ။ သတင်းပေး ဖရဲသီးတွေလက်ချက် မအလ တပ်ပျက်ပြီ။ အကြွေးဝယ်ထားတဲ့ ဖိုက်တာ (၅) စီး ပြာကျပြီ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုင်တာ (၅) စီး ပြာကျတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဗီဒီယိုထဲမှာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရတဲ့ သတင်းကို ကူးယူကာ နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ထဲရှိ မှော်ဘီလေတပ်စခန်းကို အောက်တိုဘာ ၂၂ ရက် ညက ရှော့တိုက်ဒုံး ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရန် ကုန် မြို့ပြ ပျောက်ကျား UG တပ်ဖွဲ့ တစ်ခုက ထုတ်ပြန်ထားပါတယ်။

    တိုက်ခိုက်မှုအတွင်း ပေါက်ကွဲသံ ၃ ချက် ကြားခဲ့ရတယ်လို့ ဆိုပြီး ထိခိုက်ပျက်စီးမှု အခြေအနေ မသိရှိရကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။


    သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    မှော်ဘီဂျက်ဖိုက်တာ ၅ စီး၁၀၇-မမ ရှော့တိုက်ဒုံးမြို့ပြပြောက်ကျားအဖွဲ့UGmilitary coupFakenews
    Read Full Article
    Claim :   မှော်ဘီလေတပ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၅ စီး မီးလောင်ပျက်စီး ခဲ့တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!