BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အိန္ဒိယစစ်တပ် အင်အား ၂ သိန်း...
သတင်းအတု

အိန္ဒိယစစ်တပ် အင်အား ၂ သိန်း နယ်စပ်မှာ ပစ်ခတ်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းအမှား

အိန္ဒိယနယ်စပ်မှာ စစ်ကောင်စီရဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူ (၃၀) သေဆုံးခဲ့တဲ့အတွက် အိန္ဒိယစစ်သည် ၂ သိန်း နယ်စပ်ကို ရောက်နေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  31 March 2024 11:58 AM IST
  • အိန္ဒိယစစ်တပ် အင်အား ၂ သိန်း နယ်စပ်မှာ ပစ်ခတ်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MS Story (Myanmar) ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ် ၃၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အိန္ဒိယနယ်စပ်ထိ ဗုံးမှားကြဲမိပြီး လူ (၃၀) သေလို့ အိန္ဒိယစစ်တပ် ၂ သိန်း နယ်စပ်ကိုရောက်ပြီး ပစ်ဖို့လုပ်ပြီ။ မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်တေွ ရုရှားပြေးဖို့လုပ်နေ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ ကိုးသောင်းနီးပါး ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အိန္ဒိယစစ်တပ် အင်အား ၂ သိန်း နယ်စပ်မှာ ပစ်ခတ်ဖို့လုပ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ 'အိန္ဒိယအစိုးရပိုင် လုပ်ငန်းကြီးများက စစ်ကောင်စီကို လေတပ်နဲ့ ရေတပ်သုံး ပစ္စည်းများ ထောက်ပံ့နေမှု ရပ်ဆိုင်းရန်တောင်းဆို' ဆိုတဲ့ သတင်းကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီကို စစ်လက်နက်ရောင်းချနေတာ ပိတ်ပင်ရေး၊ စစ်ဘက်ဆိုင်ရာ လေ့ကျင့် သင်တန်းတွေနဲ့ စစ်ရေးပံ့ပိုးမှုအားလုံး ရပ်ဆိုင်းဖို့ Justice for Myanmar(JFM) က မတ်လ ၂၇ က ထုတ်ပြန်တောင်းဆိုလိုက်တဲ့ အကြောင်း ရေးသားဖော်ပြထားတာပါ။

    ဒါ့အပြင် အိန္ဒိယအစိုးရပိုင် လုပ်ငန်းကြီးတွေနဲ့ အိန္ဒိယလေတပ်ဟာ စစ်ကောင်စီရဲ့ လေတပ်နဲ့ ရေတပ်အတွက် စက်ပစ္စည်းတွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ရောင်းချပေးနေတယ်လို့လည်း JFM က ပြောပါတယ်။

    ဒီသတင်းထဲမှာ အိန္ဒိယစစ်တပ် အင်အား ၂ သိန်း နယ်စပ်မှာ ပစ်ခတ်ဖို့လုပ်နေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို စစ်ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်တွေ ရုရှားကို ထွက်ပြေးဖို့လုပ်နေတယ်ဆိုတဲ့ အကြောင်းအရာလည်း မပါဝင်ပါဘူး။

    ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    အိန္ဒိယနယ်စပ်အရေးမှားယွင်းပစ်ခတ်ဗုံးမှားကြဲDrop BombFakenewsသတင်းမှားအိန္ဒိယစစ်တပ်၂ သိန်း
    Read Full Article
    Claim :   အိန္ဒိယစစ်တပ် အင်အား ၂ သိန်း နယ်စပ်မှာ ပစ်ခတ်ဖို့လုပ်နေတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!