BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဂုတ်တွင်းအနီး...
သတင်းအတု

ဂုတ်တွင်းအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ၂၀၀ သေဆုံး ဆိုတဲ့ သတင်းအမှား

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဂုတ်တွင်းအနီး ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် တအာင်း(ပလောင်) TNLA တပ်ဖွဲ့ဝင် ၂၀၀ ထိခိုက်ကျဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 Nov 2023 2:49 PM IST
  • ဂုတ်တွင်းအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ၂၀၀ သေဆုံး ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MN Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘''ဂုတ်-တွင်း-အနီးတွင် လေယာဥ်ဖြင့်ကြဲလိုက်တာ TNLA အ-လောင်း (၂၀၀)ကျော် ထိတယ်''ဆိုတဲ့ ကိုဘုန်း’ လို့ ရေးသား ထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဗီဒီယိုဖိုင်ထဲမှာ စစ်တပ်ထောက်ခံသူတွေက ရှမ်းမြောက်တိုက်ပွဲအကြောင်း၊ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း နဲ့ စစ်တပ်ကို အားပေးဖို့ လိုတယ်ဆိုတဲ့ အကြောင်းအရာတွေကို သက်သေမရှိ၊ အကိုးအကားမရှိ ထင်မြင်ချက်တွေကို လိမ်လည်ပြောဆို နေတာသာ ဖြစ်ပါတယ်။

    ဂုတ်တွင်းအနီး ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း TNLA တပ်ဖွဲ့ဝင် ၂၀၀ ရဲ့ အလောင်းတွေ ပြန့်ကျဲနေတယ်ဆိုတဲ့ အကြောင်းအရာကိုလည်း ခိုင်မာတိကျတဲ့ သက်သေမပြနိုင်ပဲ ထင်မြင်ချက်အနေနဲ့ ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာနဲ့ ပက်သတ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    ဒီအကြောင်းအရာ ပြောဆိုတဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ အနီး ဖြစ်ပွားခဲ့တဲ့ ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲမှာ အရပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ SHAN News သတင်းဌာနမှာ ဖော်ပြထားတာတော့ ရှိပါတယ်။

    သတင်းထဲမှာ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာလည်း နောင်ပိန်ဂုတ်တွင်းအနီး စခန်းချထားတဲ့ TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်က Mi-35 တိုက်လေယာဉ် ၂ စီးနဲ့ ပြိုင်တူ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဇီးပင်စခန်း၊ ခေါက်ခက်၊ ပင်တီး၊ ပင်တိန်ကျေးရွာတို့မှ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ရေးသားထားပါတယ်။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီဗီဒီယိုကို သတင်းအမှားတွေ ဖန်တီးဖြန့်ဝေနေတဲ့ ‘Top News Channel’ ဆိုတဲ့ Youtube ချန်နယ်ကနေ ကူးယူဖြန့်ဝေ ထားတာလည်း ဖြစ်ပါတယ်။

    ဒီချန်နယ်မှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ သတင်းဌာနတွေက သတင်းတွေကို ပြန်လည်ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ဗီဒီယိုတွေ ရှိသလို သတင်းအမှန်နဲ့ အမှား ရောပြီး ကြည့်ရှု့သူတွေ ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    airstrikeNothern Shan battleရှမ်းမြောက်တိုက်ပွဲFakenewsLobbyစစ်လော်ဘီ200 TNLA soldiers
    Read Full Article
    Claim :   ကျောက်မဲမြို့နယ် ဂုတ်တွင်းအနီး လေယာဉ်တိုက်ခိုက်မှုအတွင်း TNLA တပ်ဖွဲ့ဝင် ၂၀၀ ထိခိုက်ကျဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!