BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၀ တပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ရဲ့...
သတင်းအတု

၀ တပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲအတွင်း စစ်သား ၁၈၀၀ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

၀ တပ်ဖွဲ့ UWSA နဲ့ စစ်ကောင်စီတပ်တွေ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၁၈၀၀ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  31 Jan 2023 12:37 PM IST
  • ၀ တပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲအတွင်း စစ်သား ၁၈၀၀ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Bella good ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၁၇ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ‘ထွက်လမ်းကို ပေးထားတယ်လို့ ဝတပ်ချုပ် အပြတ်ပြောပြီ’ လို့ ရေးသားကာ ကြာချိန် ၁၂ မိနစ်နီးပါးကြာမြင့်တဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဗွီဒီယိုကာဗာမှာတော့ ‘ဝတပ်နဲ့ စစ်ကောင်စီ ပြင်းထန်တိုက်ပွဲဖြစ်၊ စစ်သား ၁၈၀၀ သေဆုံး။ အပြင်းထန်ဆုံး တိုက်ပွဲတွေလာနေပြီ။ အေးဆေး လက်နက်ချရန် ဝတပ်ချုပ် မအလကို အမိန့်ပေး’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဝ တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အင်တာဗျူးတစ်ခုရဲ့ အသံကို ပုံတွေပြုပြင်ပြီး ပြုလုပ်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ဝတပ်ဖွဲ့ UWSA နဲ့ ပက်သက်ပြီး လတ်တလော သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ အကြောင်းအရာကတော့ UWSA ထိန်းချုပ်ဒေသက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လူငယ်တွေ နေ့စဉ်လူကုန်ကူးရောင်းစားခံနေရတယ်ဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    UWSA forcesSASClickbaitsFakenewsMilitary Coup၀ တပ်ဖွဲ့
    Read Full Article
    Claim :   ၀ တပ်ဖွဲ့ UWSA နဲ့ စစ်ကောင်စီတပ်တွေ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၁၈၀၀ သေဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!