BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ပုံဟောင်းအသုံးပြု ဖြန့်ဝေနေတဲ့...
      သတင်းအတု

      ပုံဟောင်းအသုံးပြု ဖြန့်ဝေနေတဲ့ သတင်းအမှား

      အာဏာသိမ်းစစ်အစိုးရရဲ့နေ့စဉ်သတ်ဖြတ်မှုတွေကြုံနေတဲ့ကာလမှာ တကယ့်ဖြစ်ရပ်တွေကမဟုတ်တဲ့ ဓါတ်ပုံတွေလည်း လူမှုကွန်ရက်ပေါ်မှာ ရောထွေးပျံ့နှံ့လေ့ရှိပါတယ်။ ဒီရက်ပိုင်းထဲမှာပဲ လဲကျနေတဲ့ မိန်းမတစ်ဦးဘေးက ဖက်တွယ်ထားတဲ့ ကလေးတစ်ယောက်ပုံကို အသုံးပြုပြီး မြန်မာနိုင်ငံက လက်ရှိအဖြစ်အပျက်တွေနဲ့ ယှဉ်တွဲဖြန့်ဝေနေတဲ့ပို့စ်တွေပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  28 March 2021 7:48 PM IST
    • ပုံဟောင်းအသုံးပြု ဖြန့်ဝေနေတဲ့ သတင်းအမှား

      ဒီဖြန့်ဝေမှုကို 'အန်တီ စန်းမာဝင်း' ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က မတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး ၂၄ နာရီအတွင်း ပြန်လည်ဖြန့်ဝေသူ လေးထောင့်ခြောက်ရာကျော် ရှိခဲ့ပါတယ်။ အဲ့ဒီအပြင်အကောင့်ပေါင်းများစွာနဲ့ Page တွေပေါ်မှာလည်း ဆင့်ပွားကူးယူမှုအမြောက်အများရှိခဲ့ပါတယ်။

      ဒီလိုဖြန့်ဝေရာမှာ 'အမေကသေနတ်မှန်ပြီးသေနေပြီ ကလေးလေးကနို့ဆာလို့နေ သနားစရာ ရင်နင့်စရာ အကျည်းတန်တဲ့ မြန်မာပြည်ကအဖြစ်သနစ်တွေထည်းက တစ်ခု့ပါဗျာ။ အော်.....လုပ်ရတ်ကြပေ' လို့ ရေးသားဖြန့်ဝေခဲ့တာပါ။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      မြန်မာစစ်တပ်ဘက်က အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အင်အား အလွန်အကျွံသုံးကာ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ပြုလုပ်နေတာဖြစ်ပေမယ့် ဒီဖြန့်ဝေမှုမှာ ပါတဲ့ ပုံဟာ လက်ရှိဖြစ်ပွားမှုနဲ့ ဆက်စပ်မှုမရှိပါဘူး။

      ဒါ့အပြင် ဒီပုံကို မြန်မာနွေဦးတော်လှန်ရေးက အဖြစ်အပျက်တွေဆိုပြီး ကမ္ဘောဒီးယားနိုင်ငံ ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဌ Khem Veasna က သူ့ရဲ့ တရားဝင်ဖေစ့်ဘွတ်အကောင့်မှာ မတ်လ ၂၂ ရက်နေ့က ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီပုံဟာ မြန်မာနွေဦးတော်လှန်ရေးနဲ့ ဆက်စပ်မှုမရှိဘူးလို့ မှတ်ချက်ပေးသူအချို့ ရှိပေမယ့် ပြန်လည်ဖြေရှင်းထားတာတော့ မတွေ့ရ့ပါဘူး။


      Khem Veasna ရဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီပုံကို ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံအခြေစိုက် Help Foundation, Ukhiya ဆိုတဲ့ အဖွဲ့အစည်းရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က ဖြန့်ဝေထားတာ တွေ့ရပါတယ်။


      Help Foundation, Ukhiya ရဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ဒီဓါတ်ပုံဟာ ရိုဟင်ဂျာအရေးအခင်းအတွင်း သေဆုံးသွားတဲ့ မိခင်ဘေးမှာ အမေကို ခေါ်နေတဲ့ ကလေးငယ်တစ်ဦး ဖြစ်ပါတယ်။ ဒီဓါတ်ပုံဟာ ခုလက်ရှိဖြစ်ပွားနေတဲ့ အရေးအခင်းနဲ့ ဆက်စပ်မှုမရှိပေမယ့် မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ပြုလုပ်နေပြီး နှစ်လအတွင်း လူပေါင်း ရာချီသေဆုံးခဲ့ပါတယ်။

      Tags

      Old imagesMilitary CoupMyanmarMyanmar Spring RevolutionRohingyaအာဏာသိမ်းစစ်အစိုးရမြန်မာနွေဦးတော်လှန်ရေးရိုဟင်ဂျာHelp FoundationUkhiya
      Read Full Article
      Claim :   လဲကျနေတဲ့ မိန်းမတစ်ဦးဘေးက ဖက်တွယ်ထားတဲ့ ကလေးတစ်ယောက်ပုံကို အသုံးပြုပြီး မြန်မာနိုင်ငံက လက်ရှိအဖြစ်အပျက်တွေနဲ့ ယှဉ်တွဲဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!