BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး...
သတင်းအတု

ထိုင်းရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး လုပ်ကြံဖြန့်ဝေနေတဲ့ သတင်းအမှားတွေ

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲရလဒ်နဲ့ မြန်မာ့အရေးကို ဆက်စပ်ပြီး လုပ်ကြံဖြန့်ဝေနေတဲ့ သတင်းအမှားတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  31 May 2023 7:47 AM IST
  • ထိုင်းရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး လုပ်ကြံဖြန့်ဝေနေတဲ့ သတင်းအမှားတွေ

    ထိုင်းနိုင်ငံရွေးကောက်ပွဲကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး Move Forward ပါတီက မဲအရေအတွက် အများဆုံးရခဲ့ပြီး အနိုင်ရထားပါတယ်။ ဒီရွေးကောက်ပွဲနောက်ပိုင်းမှာ အနိုင်ရပါတီအပါအဝင် လက်ရှိ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ (Prayut Chan-o-cha) တို့နဲ့ မြန်မာ့အရေးကို ဆက်စပ်ပြီး လုပ်ကြံသတင်းတွေ ဖန်တီးဖြန့်ဝေနေတာပါ။

    ဒီလုပ်ကြံသတင်းတွေကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Car 50 ဆိုတဲ့ဖေစ့်ဘွတ်ပေချ့်နဲ့ HD Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ အများဆုံးဖြန့်ဝေနေတာ ဖြစ်ပြီး အခြားဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင် ဖီထာ လင်ဂျရွန်ရက် (Pita Limjaroenrat) နဲ့ လက်ရှိထိုင်းဝန်ကြီးချုပ်ရဲ့ ပုံတွေကို အသုံးပြုပြီး အမျိုးမျိုး ရေးသားဖြန့်ဝေနေတာပါ။

    အချို့ဖြန့်ဝေမှုတွေမှာ ‘ထိုင်းဝန်ကြီးချုပ်အသစ်က ပြတ်ပြတ်ပဲ။ စစ်ကောင်စီကို ICC ပို့ဖို့လုပ်ပြီ’ ဆိုပြီး ဖြန့်ဝေသလို အချို့ကလည်း ‘ပရာယွတ် စားခွက်ပျောက်ပြီ။ အာဏာသိမ်းဖို့ကြံလို့ ဖမ်းဆီးခံရ’ လို့ ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    'ထိုင်းဝန်ကြီးချုပ်အသစ်ကို စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းတယ်' ဆိုတာနဲ့ 'ထိုင်းအနိုင်ရပါတီက နယ်စပ်ကလက်နက်သွင်းခွင့်ပေးတယ်' ဆိုတဲ့ သတင်းအမှားတွေ အပြင် အခြား ထိုင်းရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ဖြန့်ဝေထားတဲ့ သတင်းတွေကိုလည်း BOOM က သတင်းဆန်းစစ်ထားပါသေးတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုတွေပဲ ဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေထဲမှာ ကာဗာပေါ်မှာ ရေးသားထားတဲ့ အကြောင်းအရာအစား အခြားသတင်းဌာနတွေက သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ဖီထာ လင်ဂျရွန်ရက် ဦးဆောင်တဲ့ Move Forward ပါတီက မဲအရေအတွက် အများဆုံးရခဲ့ပြီး အနိုင်ရထားတယ်ဆိုပေမယ့် ထိုင်းစစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော် အမတ်အရေအတွက် ဘယ်လောက်ထောက်ခံမလဲ ဆိုတဲ့ပေါ် မူတည်နေသေးတဲ့အတွက် ဝန်ကြီးချုပ်ဖြစ်ပြီး အစိုးရဖွဲ့နိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ ‘ထိုင်းဝန်ကြီးချုပ်အသစ်က ပြတ်ပြတ်ပဲ။ စစ်ကောင်စီကို ICC ပို့ဖို့လုပ်ပြီ’ ဆိုတဲ့ သတင်းတွေနဲ့ ဝန်ကြီးချုပ် ပယာယွတ် ကို စစ်တပ်က ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေဟာ နိုင်ငံရေးအခြေအနေတွေကို သေသေချာချာ နားမလည်ပဲ လုပ်ကြံဖန်တီးနေတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    အနိုင်ရပါတီ ခေါင်းဆောင် ဖီထာ လင်ဂျရွန်ရက် က မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဦးစားပေး ဆောင်ရွက်သွားမယ့် မူဝါဒကို သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာတော့ ရှိပါတယ်။ သူက အာဆီယံဘုံသဘော တူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရေးကို လုပ်ဆောင်ပြီး အမေရိကန်က စစ်ကောင်စီကို ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေထဲက Burma Act ထဲမှာပါတဲ့ လူသားချင်းစာနာမှု အကူအညီပေးတဲ့ ကိစ္စမှာတွေမှာ ထိုင်းက ဦးဆောင်လှုပ်ရှား သွားမယ်ဆိုတဲ့ ပုံစံမျိုးလည်း ပြောထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ထိုင်းအနိုင်ရပါတီThai winning partyweapons importedFakenewsClickbaitsMilitary CoupThai Electionထိုင်းရွေးကောက်ပွဲ
    Read Full Article
    Claim :   ထိုင်းနိုင်ငံ ရွေးကောက်ပွဲရလဒ်နဲ့ မြန်မာ့အရေးကို ဆက်စပ်ပြီး လုပ်ကြံဖြန့်ဝေနေတဲ့ သတင်းအမှားတွေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!