BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲနဲ့...
သတင်းအတု

မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်အမှား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကုန်သွယ်ရေးဇုန်အနီးတဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး အချက်အလက်အကိုးအကားမပါတဲ့အကြောင်းအရာတစ်ခုလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  28 March 2023 7:49 PM IST
  • မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်အမှား

    ဒီအကြောင်းအရာကို လက်ရှိစစ်ကောင်စီနဲ့ ဆန့်ကျင်ဖက် အဖွဲ့တွေအကြားဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ဆက်တိုက်ဖြန့်ဝေနေတဲ့ Garoco 2 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၂၆ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂၄ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးတခွင် ဖြစ်စဉ် ကိုကျော်မျိုးမင်း’ လို့ ရေးသားထားတာပါ။

    ဗွီဒီယိုဖိုင်ထဲမှာတော့ စစ်ကောင်စီထောက်ခံသူတစ်ဦးဖြစ်သူ ကျော်မျိုးမင်းရဲ့ သတင်းသုံးသပ်ချက်အကြောင်းအရာပါဝင်ပြီး သူပြောဆိုဝေမျှထားတဲ့ အကြောင်းအရာထဲမှာ မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်အနီးတဝိုက်တိုက်ပွဲဖြစ်စဉ် မတိုင်မီကပင် ကြိုတင်သတင်းရရှိထားပြီး ဖြစ်ကြောင်း၊ ကုန်သွယ်ရေးဇုန်ထဲကို အရပ်သားလိုလို၊ BGF လိုလို အဖွဲ့တွေဝင်လာပြီး မီးရှို့သွားကြောင်း၊ ကုန်သွယ်ရေးဇုန်ထဲမှာ ဖရဲသီး (သတင်းပေး) တွေရှိတာ သူသိကြောင်းစတာတွေထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။

    ဒါ့အ‌ပြင်ရဲတချို့ သေသလို PDF တွေ အများအပြားလည်း သေဆုံးတာရှိကြောင်း၊ နောက်ကနေ အမေရိကန်အုပ်စုတွေက ဗျူဟာမြောက်ကူညီနေတယ်လို့ သိရှိရကြောင်း၊ အာရှလမ်းမကြီးကို တမင်ဗုံးခွဲခဲ့တာ ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေကို အကြပ်ကိုင်ဖို့နဲ့ ငွေညှစ်ဖို့အတွက် တမင်ဗုံးခွဲတာဖြစ်ကြောင်း၊ မဲဆောက်မှာရှိတဲ့ လေးထပ်တိုက်တစ်ခုမှာ PDF ၄၇ ယောက် ကို မြန်မာရဲနဲ့ ထိုင်းစစ်တွေ ပူးပေါင်းဖမ်းဆီးခဲ့တဲ့ သတင်းကို ထိုင်းစစ်တပ်က ပေးတာဖြစ်ကြောင်း၊ Mizzima သတင်းဌာနက လိမ်လည်ပြီး မဟုတ်ပါဘူးလို့ ရေးသားဖော်ပြခဲ့ကြောင်း၊ Mizzima အပါအဝင် BBC RFA နဲ့ UNHCR တို့က လိမ်လည်နေတာဖြစ်ကြောင်း၊ ထိုင်းစစ်တပ်က သူ့ကို သတင်းအတိအကျပေးတာဖြစ်ကြောင်း နဲ့ ထိုင်းမီဒီယာတွေမှာ ဖမ်းမိသူတွေဟာ PDF လို့ ဖော်ပြထားကြောင်း တွေ လုပ်ကြံပြောဆိုထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကရင်ပြည်နယ်၊ မြဝတီမြို့အပါအဝင် သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီးနှင့် ကျုံဒိုးမြို့တွေမှာ မတ်လ ၂၅ ရက်နေ့က စတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အတူ ပူးပေါင်း တပ်တွေဖြစ်တဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေနဲ့ စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ကျော်မျိုးမင်းဆိုသူပြောဆိုထားတဲ့အကြောင်းအရာဟာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေ ထည့်သွင်းပြီး အချက်အလက်အထောက်အထားမပါဝင်တဲ့ထင်မြင်သုံးသပ်ချက်တချို့ကို သတင်းထဲမှာထည့်ပေါင်းပြီး ပြောဆိုဝေမျှထားတာဖြစ်ပါတယ်။

    ကုန်သွယ်ရေးဇုန်ထဲမှာ ဖရဲသီး (သတင်းပေး) တွေရှိတာကစလို့၊ ဒီတိုက်ပွဲနောက်က အမေရိကန်အုပ်စုတွေပါဝင်တာ၊ အာရှလမ်းမကြီးကို တမင်ဗုံးခွဲပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေညှစ်တာစတဲ့အချက်တွေနဲ့ပတ်သက်လို့ ပြောဆိုရာမှာတော့ တိကျသေချာတဲ့ သတင်းအကိုးအကား ဒါမှမဟုတ်၊ ခိုင်မာတဲ့သတင်းအရင်းအမြစ်တွေကိုထည့်သွင်းပြောဆိုထားတာတွေမပါဝင်ပါဘူး။

    နောက်ထပ် မဲဆောက်မှာရှိတဲ့ လေးထပ်တိုက်တစ်ခုမှာ PDF ၄၇ ယောက် ကို မြန်မာရဲနဲ့ ထိုင်းစစ်တွေ ပူးပေါင်းဖမ်းဆီးခဲ့တဲ့ဆိုတဲ့ သတင်းဟာလည်း မှားယွင်းတဲ့ သတင်းပါ။

    ဒီသတင်းအကြောင်းကို BOOM က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သတင်းဆန်းစစ်ထားပါသေးတယ်။


    မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေ နေထိုင်တဲ့ လေးထပ်အိမ်ယာဝင်းတစ်ခုကို မတ်လ ၂၂ ရက် နေ့လယ် ၁ နာရီခန့်က ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပေမယ့် မြန်မာလူငယ် အမျိုးသား ၂ဦးကိုပဲ ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်ပါတယ်။

    ဝင်ရောက်စီးနင်းတဲ့အထဲမှာ သူပြောဆိုထားသလို မြန်မာရဲတွေ မပါဝင်သလို PDF ၄၇ ယောက် အဖမ်းခံရတာလည်း မဟုတ်ပါဘူး။ သတင်းတွေထဲမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်မှာရှိတဲ့ မြန်မာနိုင်ငံသားအများစု နေထိုင်တဲ့ လေးထပ်အိမ်ယာဝင်း တစ်ခုကို မတ်လ ၂၂ ရက် နေ့လယ် ၁ နာရီခန့်က ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသား ၁၀၈ ဦးကို ယာယီထိန်းသိမ်း စစ်ဆေးခဲ့ရာမှာ ၁၀၆ ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်ကြောင်း၊ မြန်မာလူငယ် အမျိုးသား ၂ဦးကိုတော့ စစ်ဘက်ဆိုင်ရာပစ္စည်းအချို့ ရှာဖွေတွေ့ရှိတဲ့အတွက် မဲဆောက်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဖော်ပြထားတာ‌ ဖြစ်ပါတယ်။


    Tags

    PDF ၂၀၀ ကျော်ဖမ်းမိ200 PDFs were caughtLobbyingMilitary coupထိုင်းနိုင်ငံမဲဆောက်မြို့Mae sot. ThailandFakenewsကုန်သွယ်ရေးဇုန်
    Read Full Article
    Claim :   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကုန်သွယ်ရေးဇုန်အနီးတဝိုက်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးကိစ္စတွေအကြောင်း လုပ်ကြံပြောဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!