BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်ညိုညိုသင်း ပြောဆိုမှုအပေါ်...
      သတင်းအတု

      ဒေါ်ညိုညိုသင်း ပြောဆိုမှုအပေါ် ပုံဖျက်ရေးသားထားတဲ့ သတင်းအမှား

      တနင်္သာရီတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာဒေါ်ညိုညိုသင်း မီဒီယာတစ်ခုမှာ ပြောဆိုထားတဲ့ အကြောင်းအရာကို လိုရာဆွဲရေးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar | 6 Nov 2020 8:39 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ဒေါ်ညိုညိုသင်း ပြောဆိုမှုအပေါ် ပုံဖျက်ရေးသားထားတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို Myat Htut-Myeik ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၅၁ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "တနင်္သာရီမြို့နယ်တွင် မဲစာရွက်၌ တစ်သီးပုဂ္ဂလပါတီ အမည်မပါဟု ဒေါ်ညိုညိုသင်းက စွပ်စွဲ ပြောဆို" လို့ ရေးသားထားပါတယ်။ အဆိုပါ သတင်းအမှားရဲ့ အတွင်းမှာတော့ "တနင်္သာရီမြို့နယ်တွင် မဲစာရွက်၌ ဒေါ်ညိုညိုသင်း အမည်မပါဟု တစ်သီးပုဂ္ဂလ ပါတီကိုယ်စားလှယ်လောင်း ဒေါ်ညိုညိုသင်းက နိုဝင်ဘာလ ၅ ရက်နေ့က မြိတ်ခရိုင် အခြေစိုက် မီဒီယာတွေကို ပြောဆိုလိုက်ပါတယ်" လို့ ရေးသားထားပြီး ဒေါ်ညိုညိုသင်းရဲ့ အင်တာဗျုး ပြောစကားတစ်ခုကို ထည့်ရေးထားပါတယ်။ အဆိုပါ အင်တာဗျူးမှာ "တနင်္သာရီမြို့နယ်ရပ်/ကျေးကော်မရှင်တွေက ဥပဒေ လုပ်ထုံးလုပ်နည်းတွေ မကျွမ်းကျင်တာ တွေ့ရတယ်။တမုတ်ချုံးကျေးရွာမှာ ကြိုတင်မဲပေးတဲ့မဲဆန္ဒရှင်တွေက ကျွန်မကိုမဲထည့်ချင်လို့ ကျွန်မရဲ့အမည်နဲ့Logo ကိုရှာတာ မဲစာရွက် ၃ ရွက်စလုံးမှာ မပါဘူး" လို့ ရေးသားထားပြီး အဲ့ဒီသတင်းကို ရေးသားသူက ကျေးရွာကော်မရှင်နဲ့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဒေါ်ညိုညိုသင်းရဲ့ နာမည်ပါနေတယ်လို့ ရေးသားထားပြီး တနင်္သာရီတိုင်းက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ဦးစိုးအောင်ရဲ့ အင်တာဗျူးပြောစကား တစ်ခု ထည့်ထားပါတယ်။

      အဲ့ဒီပိုစ့်ရဲ့ Comment မှာတော့ ၂၉ ရက်နေ့ နဲ့ ၃၀ ရက်က တမုတ်ချုံးကျေးရွာ အုပ်စုမှာ ဖြစ်ခဲ့တဲ့ ကြိုတင်မဲ စာရွက်အကြောင်းကို Eleven သတင်းထောက်ကို ဖြေကြားနေတဲ့ ဒေါ်ညိုညိုသင်းရဲ့ အင်တာဗျူးနဲ့ တနင်္သာရီမြို့က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌရဲ့ အင်တာဗျူးကို ပေါင်းထားတဲ့ Video ကို တင်ထားပါတယ်။


      မူရင်းရေးသားမှု အပြည့်အစုံကို ဒီမှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၉၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော် ရှိနေပြီး ထပ်ဆင့်ကူးယူ ဖော်ပြသူ များစွာလည်း ရှိနေပါတယ်။


      သတင်းဆန်းစစ်ချက်

      Myat Htut – Myeik ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးတင်ထားတဲ့ မဲစာရင်းစာရွက်မှာ ဒေါ်ညိုညိုသင်းနာမည်မပါဘူးလို့ စွတ်စွဲပြောဆိုထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ ဒေါက်တာဒေါ်ညိုညိုသင်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အဆိုပါ အကြောင်းအရာဟာ မူရင်းပြောဆိုချက်ကို ပုံဖျက် ရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်လို့ ဆိုပါတယ်။

      အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး "၂၉ ရက်နဲ့ ၃၀ ရက်မှာ တမုတ်ချုံးကျေးရွာအုပ်စုနဲ့ မော်တုန်းကျေးရွာအုပ်စု နဲ့ မော်တုန်းကျေးရွာအုပ်စုမှာ မပါဘူးလို့ လူတွေက ကျွန်မကို လှမ်းပြီးပြောတာ။ ဒါပေမယ့် ကျွန်မက သိပ်အရေးမစိုက်ဘူး။ အဲ့ဒီအချိန် ရန်ကုန်မှာ ဒေါ်သက်သက်ခိုင်တို့က ပြဿနာ တက်နေပြီ။ ကျွန်မက သိပ်အရေးမစိုက်ဘူးဆိုတာ အဘိုးအဘွားတွေက မျက်စိမမြင်လို့ များလား မသိဘူး ဆိုပြီးတော့ နေလိုက်တာ။ သို့သော် သေသေချာချာပဲ လူငယ်ထဲက ကော်မရှင်အဖွဲ့ဝင်ထဲကပဲ မပါဘူး ကျွန်တော်သေချာရှာတယ် ဆရာမနာမည် မပါဘူး လို့ ပြောတော့မှ ကျွန်မက အဲ့ဒါကို သေသေချာချာ ခေါင်းထဲမှာ မှတ်ပြီး ၃၁ ရက်နေ့မှာ ကြည့်ခိုင်းလိုက်တာ။ ၃၁ ရက်နေ့မှာ မဲလက်မှတ်မှာ ပါတယ်။ အဲ့ဒီဟာလေးကို ကျွန်မသေချာပြောပြထားတယ်။ အဲ့ဒီ Video မှာလည်း ပြောပြထားတယ်။ သူ့ Comment မှာ တင်ထားတဲ့ Video မှာလည်း ရှိတယ်။ ကျွန်မက ၂၉ ၊ ၃၀ မှာ မပါဘူးလို့ ပြောတဲ့ ကိစ္စ။ အဲ့ဒါကို သူက ၃၁ ရက်နေ့နောက်ပိုင်း ပါနေတဲ့ လက်မှတ်ကို ယူပြီးတော့ (၅) ရက်နေ့မှာ ပိုစ့်တင်ထားတာ။ ပိုစ့်တင်ထားတော့ ကျွန်မကပဲ မဟုတ်မတရား ပြောသလို ဖြစ်မနေဘူးလား။ ဒီခေါင်းစဉ်ကြီးတပ်ပြီးတော့ စွတ်စွဲပြောဆို ဆိုပြီးတော့။ သူက ကျွန်မကို စွတ်စွဲတယ်ဆိုပြီး အဲ့လို Conclude လုပ်လို့ မရဘူးလေ။ Concluding Remark (ကောက်ချက်ချဝေဖန်) လို့ မရဘူးလေ။ တိုက်ရိုက် ကျွန်မကို သူမေးထားတာ မရှိဘူး။ ဘေးနားက သူများ Video ရိုက်နေတာကို သူမှတ်တမ်း ဓါတ်ပုံ ရိုက်သွားတယ်။ ကျွန်မက သူ့ကို စရဖ လို့တောင် ထင်တယ်။ အဲ့ဒီလို လုပ်သွားပြီး သူက ဒီသတင်းကြီးကို ဖြတ်ပြီးတင်လိုက်တာ။ ကျွန်မပြန်ကြားရတာက သူက သတင်းထောက်သင်တန်းတွေ ဘာတွေလည်း မတက်ဖူးဘူး ဒီလိုပဲ လျှောက်ရေးနေတာလို့ ဒီက သတင်းထောက်တစ်ယောက်က ပြောတယ်" လို့ ဒေါက်တာဒေါ်ညိုညိုသင်းက Boom Myanmar ကို ပြောပါတယ်။

      ဒေါက်တာဒေါ်ညိုညိူသင်းက Eleven သတင်းထောက်ကို အင်တာဗျူးဖြေနေချိန် အဆိုပါ သတင်းရေးတဲ့သူဟာ ဘေးကနေ ဖုန်းနဲ့ ဓါတ်ပုံ ရိုက်ယူနေတဲ့အတွက် သတင်းထောက်နဲ့ ပါလာတဲ့ ဧည့်သည်လား စရဖ ထဲက လို့ ထင်မိတယ်လို့ ဒေါ်ညိုညိုသင်းက ဆိုပါတယ်။ ၎င်းဟာ ဓါတ်ပုံရိုက်ယူသွားခဲ့ပေမယ့် သူ့ကိုယ်သူ မိတ်ဆက်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီသူဟာ သတင်းမီဒီယာ ကျင့်ဝတ် မရှိဘဲ သတင်းကို ပုံဖျက် ရေးသားပြီး ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်ခဲ့တာလို့ ဒေါ်ညိုညိုသင်းက မှတ်ချက်ပေးပါတယ်။



      Tags

      Misinformationfalse newsDaw Nyo Nyo ThincandidateTanintharyi Divisionpolitically attackဒေါ်ညိုညိုသင်းသတင်းအမှား
      Read Full Article
      Claim :   Myat Htut – Myeik ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးတင်ထားတဲ့ မဲစာရင်းစာရွက်မှာ ဒေါ်ညိုညိုသင်းနာမည်မပါဘူးလို့ စွတ်စွဲပြောဆိုထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က ဒေါက်တာဒေါ်ညိုညိုသင်းကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!