BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြေရှားသတ္တုကြောင့်ဖြစ်တယ်ဆိုတဲ့...
သတင်းအတု

မြေရှားသတ္တုကြောင့်ဖြစ်တယ်ဆိုတဲ့ ဒီပုံက ကချင်ကမဟုတ်ပါ

KIA ရဲ့ မြေရှား အလွန်အမင်း ထုတ်ယူတဲ့အတွက် နောက်ဆက်တွဲခံစားနေရတဲ့ ကချင်တိုင်းရင်းသားတွေဆိုပြီး ပုံသဏ္ဍန်မမှန်ပဲ မွေးဖွားခဲ့တဲ့ ကလေးငယ်တစ်ဦးရဲ့ ပုံကို လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Sept 2023 6:24 PM IST
  • မြေရှားသတ္တုကြောင့်ဖြစ်တယ်ဆိုတဲ့ ဒီပုံက ကချင်ကမဟုတ်ပါ

    ဒီအကြောင်းအရာကို စစ်တပ်ဝါဒဖြန့်သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ စာ ဥ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ စက်တင်ဘာ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြိး အခြားစစ်တပ်လော်ဘီ ဖေစ့်ဘွတ်ပေချ့်တွေမှာလည်း ကူးယူ ဖြန့်ဝေတောတွေ ရှိပါတယ်။

    ဖြန့်ဝေရာမှာ ပုံသဏ္ဍန်မမှန်ပဲ မွေးဖွားခဲ့တဲ့ ကလေးငယ်တစ်ဦးရဲ့ ဓာတ်ပုံတွေကို အသုံးပြုကာ ‘KIA ရဲ့ မြေရှားအလွန်အမင်း လောဘတက်ရှာဖွေမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားနေရတဲ့ ကချင်တိုင်းရင်းသားများ’ လို့ ရေးသားဖြန့်ဝေထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အခုဖြန့်ဝေနေတဲ့ ပုံတွေဟာ အခြားနိုင်ငံက လူမှုမိဒီယာအသုံးပြုသူတွေဆီက ယူလာပြီး ပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။


    ဖြန့်ဝေထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ကချင်ပြည်နယ် ချီဖွေမြို့နယ်မှာ မြေရှားသတ္တု တူးဖော်တာတွေကို စစ်ကောင်စီက စစ်ဆေးမယ်ဆိုပြီး ထွက်လာတဲ့ သတင်းကြောင့် ဒီလအစောပိုင်းက စပြီး မြေရှားတူးဖော်တဲ့ လုပ်ငန်းတွေ ရပ်ထားကြတယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    သတင်းတွေမှာ ဖော်ပြထားချက်အရ တရုတ်နိုင်ငံဟာ ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါဒေသက မြေရှားတွေ တူးဖော်ပြီး သူ့နိုင်ငံကို ပြန်ပို့နေတာဖြစ်ကြောင်း၊ မြေရှားသတ္တုထွက်တဲ့ဒေသမှာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီတပ်နဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ရှိနေကြောင်း၊ အဲဒီဒေသတွေမှာ လုပ်ကွက်ပေါင်း သုံးရာလောက်ရှိပြီး အားပြင်းအက်စစ် သတ္တုရည် ကန်ပေါင်း ၂၇၀၀ ကျော်တွေ့ရတယ်လို့ ကမ္ဘာမှာ သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက် နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားတဲ့အကြောင်း ကိုးကားပြီး RFA သတင်းဌာနမှာ စက်တင်ဘာလ ၂၀ ရက်နေ့က ဖော်ပြထားပါတယ်။

    လက်ရှိမှာ စစ်တပ်လော်ဘီတွေက တရုတ်ရဲ့ မြေရှားတူးဖော်မှုတွေကို KIA၊ KIO အဖွဲ့တွေကိုသာ လွှဲချနေပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်းမှာ မြန်မာနိုင်ငံကနေ တရုတ်ကို တင်သွင်းခဲ့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန် ဒေါ်လာ သန်း ကိုးရာနီးပါး ရှိခဲ့တယ်လို့ တရုတ်အကောက်အခွန်ဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

    RFA သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီရက်ပိုင်းမှာ စစ်တပ်လော်ဘီလုပ်ပြီး သတင်းအမှားတွေ ဖြန့်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ အကောင့်တွေမှာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေတွေ ဖြစ်အောင် ရေးသားဖြန့်ဝေမှုတွေ များလာတာ တွေ့ရပါတယ်။ ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေ၊ အကောင့်တွေကနေ ဖြန့်ဝေနေတာတွေဟာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

    Tags

    Fake imagesChild photosမြေရှားထုတ်ယူမှုမြေရှားသတ္တုmilitary councillobby
    Read Full Article
    Claim :   KIA ရဲ့ မြေရှားထုတ်ယူမှုကြောင့် ကချင်တိုင်းရင်းသားတွေ နောက်ဆက်တွဲခံစားနေရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!