BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ရုပ်သံဖိုင်အဟောင်းအသုံးပြုပြီး 7...
      သတင်းအတု

      ရုပ်သံဖိုင်အဟောင်းအသုံးပြုပြီး 7 july လူထုလှုပ်ရှားမှုဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

      ရုပ်သံဖိုင်အဟောင်းအသုံးပြုပြီး 7 july လူထုလှုပ်ရှားမှုအဖြစ် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် GSC၊ ဗကသနဲ့ မြို့နယ်အစုံက သပိတ်စစ်ကြောင်းတွေ ဆုပေါင်းပြီး ရန်ကုန်မြို့ ပန်းဆိုးတန်းမှာ ဇူလိုင်လ ၇ရက်က ဆန္ဒပြခဲ့ကြပါတယ် ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  10 July 2025 10:04 PM IST
    • ရုပ်သံဖိုင်အဟောင်းအသုံးပြုပြီး 7 july လူထုလှုပ်ရှားမှုဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို ‘ဆူးကြားကဘူးခါး’ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဒီပိုစ့်ကို ပြန်လည်ဖြန့်ဝေသူ ၇ ထောင်ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ တစ်သန်းခွဲကျော် ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် တစ်မိနစ်ကျော်သာ ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ '7 july စိတ်ဓာတ်ကို ကိုင်စွဲတိုက်ပွဲဝင်ကြ '' ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ပြုတ်ကျရေး သပိတ်စစ်ကြောင်း။ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် GSC၊ ဗကသနဲ့ မြို့နယ်အစုံက သပိတ်စစ်ကြောင်းတွေ ဆုပေါင်းပြီး ရန်ကုန်မြို့ ပန်းဆိုးတန်းမှာ ဒီကနေ့ ဇူလိုင်လ ၇ရက်က ဆန္ဒပြခဲ့ကြ ပါတယ်။ “စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင် စနစ်ကို ရရာနည်းနဲ့အမြစ်ပြတ်ချေမှုန်ရကြ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ဆန္ဒပြခဲ့ကြတာပါ။ ဒီကနေ့ဟာ ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းသားသမဂ္ဂအဆောက်အဦ ဖြိုခွဲဖျက်စီးခံ ရတဲ့ ဆဲဗင်းဇူလိုင် အရေးတော်ပုံကြီး ( 63) နှစ်ပြည့်မြောက်တဲ့ နှစ်လည်းဖြစ်ပါတယ်။ ဒီနေ့မှာ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ နှစ်ပတ်လည် အဖြစ် နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲ သပိတ်တွေကိုပါ ထည့်သွင်းပြုလုပ်နေကြတာပါ' ဆိုပြီး ရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ ယခင်က ရုပ်သံဖိုင်အဟောင်းကို အသုံးပြုပြီး လုပ်ကြံရေးသားဖြန့်ဝေထားတဲ့ သတင်းမှားဖြစ်တာကို တွေ့ရပါတယ်။

      အခုဖြန့်ဝေနေတဲ့ ရုပ်သံဖိုင်ဟာ Mizzima သတင်းဌာနမှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ဖော်ပြထားတဲ့ '7 july စိတ်ဓာတ်ကို ကိုင်စွဲတိုက်ပွဲဝင်ကြ ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ပြုတ်ကျရေး သပိတ်စစ်ကြောင်း' ဆိုတဲ့ သတင်းက ရုပ်သံဖိုင်ကို အသုံးပြုပြီး လုပ်ကြံရေးသားထားတာသာ ဖြစ်ပါတယ်။


      Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ ၆၃ နှစ် ပြည့် အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံက အချို့မြို့တွေနဲ့ နိုင်ငံအချို့မှာ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီဗီဒီယို ရုပ်သံဖိုင်ဟာတော့ သတင်းဟောင်းက ပုံရိပ်တွေကို ပြန်လည်အသုံးပြုထားတာသာ ဖြစ်ပါတယ်။

      Tags

      ဗီဒီယိုအဟောင်းရုပ်သံအဟောင်းသတင်းမှားသတင်းတုold videoFakenews
      Read Full Article
      Claim :   ရန်ကုန်မြို့ ပန်းဆိုးတန်းမှာ ဇူလိုင်လ ၇ရက်က ဆန္ဒပြခဲ့တယ်လို့ဆို
      Claimed By :  Unknown
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!