BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမေရိကန်စစ်ပြန်တွေ မြန်မာမြေပေါ်...
သတင်းအတု

အမေရိကန်စစ်ပြန်တွေ မြန်မာမြေပေါ် လှုပ်ရှားနေတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အလံအပါအဝင် အခြားနိုင်ငံ အလံတွေ ကိုင်ဆောင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုကာ မြန်မာမြေပေါ်မှာ လှုပ်ရှားနေတဲ့ အမေရိကန်စစ်ပြန်တွေဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Aug 2023 8:24 PM IST
  • အမေရိကန်စစ်ပြန်တွေ မြန်မာမြေပေါ် လှုပ်ရှားနေတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်လော်ဘီလုပ်ကာ သတင်းအမှားတွေ ဆက်တိုက် ရေးသားဖြန့်ဝေနေတဲ့ May Yu Mg ဆိုတဲ့ ဖေစ့်ဘွတ် အကောင့်မှာ ဩဂုတ်လ ၂၀ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ‘KNU၊ KIA၊ KNPP၊ CNF စတဲ့ အဖွဲ့များကို နည်းပညာနှင့် ငွေကြေး ပံ့ပိုးပေးနေသည့် အမေရိကန်စစ်ပြန်များ မြန်မာမြေပေါ်၌ လှုပ်ရှားနေမှုကို ပြင်းထန်စွာ ရှုတ်ချပါသည်’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဒီအကြောင်းအရာ ဖြန့်ဝေပြီးနောက်တစ်နေ့မှာပဲ Ko Gyi Soon ဆိုတဲ့ စစ်တပ်လော်ဘီ ဖေစ့်ဘွတ်အကောင့်က ထပ်မံပြီး ‘ယူကရိန်း အလံပါတဲ့ တီရှပ်ဝတ်ထားတဲ့ နိုင်ငံခြားသူတဦး ပုံ Social Media ပေါ် တက်လာကြောင်း၊ ရုရှားဘက်ကနေ ရပ်တည်နေတဲ့ မြန်မာ မြေမှာ အခုလို Symbol သင်္ကေတခုအနေနဲ့ ခြေချလာကြောင်း၊ ကြားဝင်စွက်ဖက်ပြီး အချုပ်အခြာအာဏာ ပိုင်နက်ကို ထိပါးနေတာ ဖြစ်ကြောင်း၊ ဘုရားကို ဒိုင်းလိုကာဗာလုပ်ပြီး ဌာပနာတွေကို ယူကရိန်းကို သယ်ဖို့ လုပ်နေတာဖြစ်ကြောင်း’ ရေးသားထားပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အခုဖြန့်ဝေနေတဲ့ ပုံတွေ မြန်မာနိုင်ငံက ဓာတ်ပုံတွေမဟုတ်ပါဘူး။ ဒီပုံတွေဟာ Free Burma Rangers အဖွဲ့ ယူကရိန်းနိုင်ငံကို သွားရောက်စဉ်က ရိုက်ကူးခဲ့တဲ့ ပုံတွေသာ ဖြစ်ပါတယ်။

    ဒီဓာတ်ပုံတွေကို KNDF ဒုတိယစစ်ဦးစီးချုပ်(၂) မာဝီက သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဩဂုတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ ဖြန့်ဝေခဲ့ တာဖြစ်ပြီး ‘ Free Burma Rangers အဖွဲ့ ယူကရိန်းနိုင်ငံကို သွားရောက်စဉ် KNDF အလံ ပေးကာ ယူကရိန်းနဲ့ အတူရှိ ကြောင်း၊ အမှန်တရား အတွက်၊ လက်နက်နဲ့ အနိုင်ကျင့်နေတဲ့ အာဏာရှင်ကို တော်လှန်နေတာဖြစ်ကြောင်း၊ ဒီမိုကရေစီအတွက် တိုက်ပွဲ ဝင်နေတာ ဖြစ်ကြောင်း သတင်းစကားပါးခဲ့ကြောင်းနဲ့ အခုလို ယူကရိန်းမြေပေါ်မှာ တိုက်ပွဲဝင်နေတဲ့ ယူကရိန်း ရဲဘော်တွေနဲ့အတူ KNDF အလံကို တွေ့ရတာဖြစ်ကြောင်း’ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။


    မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒီရက်ပိုင်းမှာ စစ်တပ်လော်ဘီလုပ်ပြီး သတင်းအမှားတွေ ဖြန့်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ အကောင့်တွေမှာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်အောင် ရေးသားဖြန့်ဝေမှုတွေ များလာတာ တွေ့ရပါတယ်။

    ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေ၊ အကောင့်တွေကနေ ဖြန့်ဝေနေတာတွေဟာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

    Tags

    စစ်တပ်လော်ဘီလူမျိုးရေး ပဋိပက္ခတွေဘာသာရေး ပဋိပက္ခတွေEthnic conflictsreligious conflictsယူကရိန်းUkraineKNDF flagယူကရိန်း အလံအမေရိကန်စစ်ပြန်American veterans
    Read Full Article
    Claim :   အမေရိကန်စစ်ပြန်တွေ မြန်မာမြေပေါ် လှုပ်ရှားနေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!