BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အစ္စရေးကိစ္စ အခြေခံပြီး...
သတင်းအတု

အစ္စရေးကိစ္စ အခြေခံပြီး ဘာသာရေးအမုန်းတရားဖြန့်ဝေတဲ့အကြောင်းအရာ

အစ္စရေးကို ပါလက်စတိုင်း အစ္စလမ်မစ်အုပ်စု ဟားမတ်စ်က တိုက်ခိုက်မှုနဲ့ ပက်သတ်ပြီ အချက်အလက်မှားတွေရောထွေးဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခု လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  11 Oct 2023 10:11 AM IST
  • အစ္စရေးကိစ္စ အခြေခံပြီး ဘာသာရေးအမုန်းတရားဖြန့်ဝေတဲ့အကြောင်းအရာ

    ဒီအကြောင်းအရာကို ခရစ်ယာန်ဘာသာနဲ့ ပက်သတ်တဲ့ အကြောင်းအရာတွေ ရေးသားဖော်ပြလေ့ရှိတဲ့ Glory TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ၂၄ နာရီ မပြည့်မီ ထပ်ဆင့်ဖြန့်ဝေမှု ကိုးသောင်းကျော်နဲ့ မှတ်ချက်ပေါင်း ကိုးထောင်ကျော် ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မွတ်ဆလင် မိတ်ဆွေများ ခင်ဗျာ။ လူမှ ဟုတ်ကြသေးရဲ့လားဗျာ။ ဘာသာတူတိုင်း အားပေးရမှာမဟုတ်ဘူးနော်။ မိဘဆရာ ပြောသမျှကို ယုံ၊ ဘာသာရေးဆရာတွေပြောသမျှယုံပြီး အစ္စရေး ကို mone တီးနေကြတာ။ အစ္စရေးကို ပင်လယ်ထဲ cha ချင်ကြတာ။ အစ္စရေးကိုကမ္ဘာ့မြေပုံကနေ ဖျောက်ချင်ကြတာနော်။ ခရစ်ယာန်တွေတော့ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင်မဟုတ်ဘူး ငြင်းခုံ၊ အသင်းတွေကွဲ၊ ဂိုဏ်းတွေကွဲ။ ဒါပေမဲ့ဟိုဖက်ကျတော့အာ့လိုမဟုတ်ဘူး။ ဘာဆို ဘာမှစဥ်းစားဆင်ခြင်နိုင်စွမ်းမရှိ။ မိဘတွေဆရာတွေပြောသမျှယုံပြီး။ အမုန်းတွေပွား...ရန်ငြိုးတွေထားလိုက်ကြတာ။ အမှန်တရား/ သမ္မာတရားကိုကိုယ်တိုင်ရှာဖွေကြပါ။ သူများနှာခေါင်းပေါက်နဲ့ အသက်မရှုချင်ကြနဲ့။ ဒီလိုကိစ္စက ထောက်ခံသင့်လား မသင့်လား သေချာစဥ်းစားကြ။ ဘာသာရေးမှိုင်းသိပ်မမိကြစေချင်ဘူး မိတ်ဆွေတို့ရယ်။ Khabib (MMA ကစားသမား) ကို ကစားဟန်မကြိုက်လဲ ဘာသာတူချင်းမို့ အားပေးကြတာ နားလည်ပေးမယ်။ လက်ခံပေးမယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကိုကျ ဘာသာတူဆိုပြီး အားမပေးသင့်ဘူး နော်။ မတရားမှုကို ဆန့်ကျင်ကြပါ။ ကိုယ်ပိုင် အသိညဏ်နဲ့ အသက်ရှင်ကြပါ။ တစ်သွေးတစ်သံတစ်မိန့်တည်းနဲ့ ဒီဖက် ရာစုခေတ်ထိ အသက်မရှင်ကြပါနဲ့ တောဗျာ။ Pastor David Naing။ Glory TV။ စာဘူးတောင်း’ လို့ ရေးသားထားပါတယ်။

    ဗီဒီယိုထဲမှာတော့ နောက်ခံအသံနဲ့အတူ ‘မလေးရှားနိုင်ငံက မွတ်စလင်တွေဟာ ဟာမတ်စ်တိုက်ခိုက်မှုနဲ့ ပက်သတ်ပြီး ပါလက်စတိုင်း အလံလွှင့်ထူ အောင်ပွဲ ခံနေကြောင်း၊ တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်ကြောင်း၊ အချို့တွေကို ဖမ်းဆီး ခေါ်ဆောင် ပြီး မုဒိန်းကျင့်တာတွေ ပြုလုပ်ကြောင်း၊ ဒါတွေကို ဗီဒီယိုရိုက်တင်ပြီး တစ်ကမ္ဘာလုံးမှာ အောင်ပွဲခံနေကြောင်း၊ မလေးရှားနိုင်ငံ သာမက တစ်ကမ္ဘာလုံးက မွတ်စလင်တွေဟာ ဒီအကြမ်းဖက်မှုကို ထောက်ခံပြီး အစ္စရေးလူမျိုးများစွာ သေကြေပျက်စီးတာကို ဝမ်းသာအားရနဲ့ အောင်ပွဲခံနေကြောင်း’ တွေ ပြောဆိုထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ပြီးခဲ့တဲ့ ရက်ပိုင်းက အစ္စရေးတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဟားမတ်စ် အဖွဲ့ရဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးဘက်က လူပေါင်း ၉၀၀ နီးပါး သေဆုံးခဲ့တဲ့အတွက် အစ္စရေးက လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာက နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ နှစ်ဖက် ထိခိုက်သေဆုံးသူ ပေါင်း ၃,၀၀၀ ကျော်လာပြီ ဖြစ်ကြောင်း သိရပါတယ်။

    ဒီအရေးကိစ္စမှာ အီရန်၊ ဟစ်(ဇ်)ဘိုလာနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ဆန္ဒပြသူတွေက ဟားမတ်စ်တွေဘက်က ရပ်တည်ပေးနေ သလို အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေကလည်း အစ္စရေးဘက်က ရပ်တည်ပါဝင်ပေးနေတာ ဖြစ်ပါတယ်။ ဒီလိုရပ်တည်နေပေမယ့် အခုဖြန့်ဝေနေသလို လူတွေသေဆုံးမှုအပေါ် အောင်ပွဲခံနေတာ၊ အားပေးနေတာတော့ မဟုတ်ပါဘူး။ဒီအရေးမှာ အစ္စရေးဘက် တစ်ခုတည်းက ထိခိုက်ဆုံးရှုံးခဲ့တာ မဟုတ်ပါဘူး။ လက်ရှိမှာ အစ္စရေးဘက်က တုံ့ပြန်တိုက်ခိုက် နေတဲ့ အတွက် နှစ်ဖက် ထိခိုက်သေဆုံးသူပေါင်း ၃,၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

    အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၇၈ ဦး အပါအဝင် ပါလက်စတိုင်း ၄၁၃ ဦး သေဆုံးပြီး ၂,၃၀၀ ခန့် ဒဏ်ရာရ ထားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောထားတယ်လို့ ရိုက်တာရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၇၀,၀၀၀ ဟာ ကုလသမဂ္ဂက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ ကုလသမဂ္ဂက စာရင်းထုတ်ပြန်ထားပါတယ်။

    ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် အစ္စရေးက ဂါဇာတစ်ခုလုံး ထိန်းချုပ်ဖို့ ကြိုးစား နေပြီး ရိက္ခာနဲ့ သောက်သုံးရေ ပို့ဆောင်မှုတွေကို ဖြတ်တောက်ထားတဲ့ အတွက် ကုလ ကလေးများ အေဂျင်စီကတောင် စိုးရိမ်ကြောင်း ပြောထားရတာ ဖြစ်ပါတယ်။ ဒီအတွက် မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ရှိတဲ့ မွတ်စလင်အုပ်စုတွေဟာ အစ္စရေးမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆို ထားတဲ့ အကြောင်း The Straits Times သတင်းစာမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။


    The Straits Times သတင်းစာက ဖော်ပြထားတဲ့ သတင်းထဲမှာ ဂါဇာကမ်းမြှောင်က တိုက်ခိုက်မှုအတွင်း သေဆုံးမှုတွေအတွက် စိုးရိမ်ကြောင်းနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကြဘို့ မလေးရှားနိုင်ငံခြားရေးဌာနက စာထုတ်ခဲ့သလို အဖွဲ့ဝင် သန်း ၅၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားရဲ့ အကြီးဆုံး မွတ်ဆလင်အဖွဲ့ Nahdlatul Ulama (NU) ကလည်း အရပ်သား သေဆုံးဒဏ်ရာရမှုတွေ မဖြစ်ဖို့ ပဋိပက္ခတွေ ရပ်စဲဖို့ တောင်းဆိုထားပါတယ်။


    ဒီအချက်တွေကိုကြည့်ရင် အစ္စရေးတိုက်ခိုက်ခံရမှုအတွက် မွတ်စလင်တွေ အားလုံး အောင်ပွဲခံတယ်၊ အားပေးတယ်ဆိုတာတွေဟာ အချက်အလက် အမှားတွေဆိုတာ သိနိုင်ပါတယ်။The Straits Times သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

    နောက်ထပ် ဗီဒီယိုနောက်ခံ စကားပြောနဲ့ ပြောထားတဲ့ ‘တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်ကြောင်း၊ အချို့တွေကို ဖမ်းဆီး ခေါ်ဆောင် ပြီး မုဒိန်းကျင့်တာတွေ ပြုလုပ်ကြောင်း၊ ဒါတွေကို ဗီဒီယိုရိုက်တင်ပြီး တစ်ကမ္ဘာလုံးမှာ အောင်ပွဲခံနေတယ်’ ဆိုတာမှာလည်း အချက်အလက်အချို့ဟာ တိကျမှုမရှိတဲ့ သတင်းရင်းမြစ်ကို ရယူအသုံးပြုထားတာ ဖြစ်ပါတယ်။


    အမျိုးသမီးတွေကို မုဒိန်းကျင့်ပြီး တရွတ်တိုက် ဆွဲခေါ်တယ်ဆိုတဲ့ အချက်ကို ဟာသ ဗီဒီယိုတွေ ဖြန့်ဝေလေ့ရှိတဲ့ Dear Alyne ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၉ ရက်နေ့က ဖြန့်ဝေထားတဲ့ ပိုစ့်က စာသားကို ဓာတ်ပုံအဖြစ် ထည့်သွင်းအသုံးပြုကာ နောက်ခံစကားပြောနဲ့ ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒီဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားတဲ့ အချက်အလက်ကို ယုံကြည်စိတ်ချရတဲ့ ဘယ်သတင်းဌာနမှာမှ ဖော်ပြထားတာ မရှိပါဘူး။ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် Glory TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ရဲ့ ဖြန့်ဝေထားမှုဟာ ကမ္ဘာ့သတင်းတွေကို အခြေခံပြီး ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းတရားပွားစေနိုင်တဲ့ အချက်အလက်အမှားတွေရောပြွန်းဖြန့်ဝေနေတဲ့ အကြောင်းအရာသာဖြစ်ပါတယ်။

    Tags

    မွတ်စလင်ဘာသာရေးIsraelMisinformationMuslimဘာသာရေး အမြတ်ထုတ်မှုGazaဂါဇာ
    Read Full Article
    Claim :   ဘာသာရေး ထိုးနှက်မှုနဲ့ အချက်အလက်အမှားတွေ ပါဝင်နေတဲ့ အစ္စရေးအရေး
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!