BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာနိုင်ငံမှာ တွေ့ရတဲ့...
သတင်းအတု

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ခေါင်းပြားမြွေဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

အာဖရိကနဲ့ အာရပ်ဒေသတွေမှာ တွေ့ရတဲ့ Gaboon Viper လို့ခေါ်တဲ့ မြွေပွေးမျိုးစိတ်တစ်မျိုးကို မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ မြွေမျိုးစိတ်ဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  15 Jun 2025 5:55 PM IST
  • မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ခေါင်းပြားမြွေဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

    ဒီအကြောင်းအရာကို DONNA TASTE MEDIA ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၈ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု ငါးထောင်ကျော် ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ၁ မိနစ်ကျော်ကြာ မြွေတစ်ကောင်ကို ပြသနေတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒီလို ခေါင်းပြားမြွေမျိုးကို တွေ့ရင် ဝေးဝေးကနေသာရှောင်။ ဒါကတော့ မြွေဟောက်ထက်တောင် သုံးဆပို အဆိပ်ပြင်းတဲ့ ခေါင်းပြားမြွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဒီမြွေမျိုးစိတ်ကို သတိထားမိသူ နည်းပါးပြီး ဖြစ်လာမှသာ မျက်လုံးပြူး မျက်စံပြူးနဲ့ သွေးတက်ကြတာပါ။ Gaboon Viper လို့ ခေါ်တဲ့ ဒီမြွေဟာ သာမာန်မြွေတွေထက် အစွယ်ပိုရှည်ပြီး အစွယ်တစ်ချောင်းကို ၂ လက်မကနေ ၃ လက်မအထိ ရှည်လျားတတ်ကြပါတယ်' လို့ နောက်ခံစကားပြောနဲ့ ပြောဆိုဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ခေါင်းပြားမြွေဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ like နဲ့ ဖော်လိုဝါတွေ ရဖို့ တမင်လုပ်ကြံဖန်တီးဖြန့်ဝေနေတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    Gaboon Viper လို့ ခေါ်တဲ့ ဒီမြွေပွေး မျိုးစိတ်တွေကို အာဖရိကနဲ့ အာရပ်ဒေသ မျိုးစိတ်တွေဖြစ်ပြီး မြန်မာနိုင်ငံမှာ မတွေ့ရနိုင်ဘူးလို့ မြန်မာ့ဇီဝမျိုးစိတ်တွေ အမျိုးအစားခွဲခြားပေးနေတဲ့ Native Species Conservation and Identification in Myanmar မှာ ဖော်ပြထားပါတယ်။


    ဒီဖေစ့်ဘွတ်ဂရုက ပညာရှင်တွေရဲ့ ဖော်ပြချက်အရ ဒီဗီဒီယိုထဲမှာ Gaboon Viper/ Gaboon adder (Bitis gabonica နဲ့ Rhinoceros Viper (Bitis nasicornis) မြွေအမျိုးအစား ၂ မျိုးတွေ့ရတာဖြစ်ပြီး မြန်မာ့မျိုးရင်းစိတ် မဟုတ်ဘူးလို့ ဆိုပါတယ်။

    NSCI Myanmar ရဲ့ ဖေစ့်ဘွတ်ဂရုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့ ခေါင်းပြားမြွေဆိုပြီး ဖြန့်ဝေနေတာတွေဟာ အချက်အလက် မှားတွေပဲ ဖြစ်ပါတယ်။

    Tags

    မြွေဆိပ်ဖြေဆေးsnake venomအဆိပ်ပြင်းသတင်းတုအချက်အလက်အမှားFakenews
    Read Full Article
    Claim :   မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ခေါင်းပြားမြွေလို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!