BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကချင်ပြည်နယ်က...
သတင်းအတု

ကချင်ပြည်နယ်က တောပန်းတစ်မျိုးဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

ပုံသဏ္ဍန်ထူးခြားနေတဲ့ ပန်းပုံတစ်ပုံကို ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ တောပန်းဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 May 2024 8:49 AM IST
  • ကချင်ပြည်နယ်က တောပန်းတစ်မျိုးဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

    ဒီအကြောင်းအရာကို Myint Oo San-Vlogs ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ပုံသဏ္ဍန်ထူးခြားနေတဲ့ ပန်းပွင့်တစ်ပွင့်ရဲ့ ပုံနဲ့အတူ 'ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ အမည်မသိ တောပန်း တစ်မျိုးဖြစ်ပါတယ်' လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီပန်းပွင့်ပုံကို အခြားဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Thread ပေါ်မှာလည်း အင်္ဂလိပ်ဘာသာစကားနဲ့ အမျိုးမျိုးရေးသားဖြန့်ဝေနေမှု တွေလည်း ရှိနေပါတယ်။


    ဖြန့်ဝေရာမှာ ပန်းပွင့်ပုံတွေနဲ့အတူ ပျော်ရွှင်မနေတဲ့ သစ်ခွပန်း၊ နွားသိုးရုပ်နဲ့ သစ်ခွ၊ နဂါးရုပ်နဲ့ သစ်ခွ၊ ဝမ်းနည်းနေတဲ့ သစ်ခွပန်း စတဲ့ အသုံးအနှုန်းတွေရေးသား ထားတာပါ။

    Thread ပေါ်က ဖြန့်ဝေမှုအချို့ကိုလည်း ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    အခုဖြန့်ဝေနေတဲ့ ပုံသဏ္ဍန်ထူးခြားနေတဲ့ ပန်းပုံတွေကို scliseofai ဆိုတဲ့ Instagram အကောင့်မှာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ ကတည်းက ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ အကောင့်ပိုင်ရှင်က ဒီပန်းပုံတွေကို AI နည်းပညာအသုံးပြုပြီး ဖန်တီးထားတဲ့ AI Artwork ဖြစ်ကြောင်းလည်း တပါတည်း ရေးသားထားပြီးသာ ဖြစ်ပါတယ်။


    ဒါကို ကိုယ့်ဆိုရှယ်မီဒီယာ ပေချ့်တွေ အကောင့်တွေမှာ ဖော်လိုဝါများများရဖို့ သတင်းမှားတွေ ရေးပြီး ဖြန့်ဝေနေတာဖြစ်ပါတယ်။

    scliseofai ဆိုတဲ့ Instagram အကောင့်မှာ ဖြန့်ဝေထားတဲ့ မူရင်း ဓာတ်ပုံတွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    AI generatedAI Photofake photoတောပန်းwild flowerသစ်ခွပန်းSad orchidorchidသတင်းအမှား
    Read Full Article
    Claim :   ကချင်ပြည်နယ်က တောပန်းတစ်မျိုးလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!