BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဂျွန်ဟော့ပ်ကင်း...
      သတင်းအတု

      ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်နာမည်သုံးပြီးဖြန့်ဝေတဲ့ သတင်းအမှား

      အိမ်ထဲမှာ ရက် ၂၀ နေရင် မြန်မာပြည်မှာ Covid-19 ကင်းစင်မယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ် ကြေငြာခဲ့တယ် ဆိုတာ အချက်အလက်အမှားတစ်ခုသာဖြစ်ပြီး ဒါနဲ့ပတ်သက်တဲ့အချက်အလက်တစ်ခုမှထုတ်ပြန်ထားတာမျိူးလည်းမရှိပါဘူး။

      By - Boom Live Myanmar |
      Published -  8 April 2020 8:29 PM IST
    • ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်နာမည်သုံးပြီးဖြန့်ဝေတဲ့ သတင်းအမှား
      အထောက်အထား အကိုးအကားမပါပဲဖြန့်ဝေထားတဲ့ ပို့စ်ဟာ လူပေါင်းများစွာထံ ပျံ့နှံခဲ့ပါတယ်။

      ဒီ သတင်းအမှားကို Zaw Oo Maung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က မတ်လ ၃၁ ရက်နေ့ ၁ နာရီ ၂၀ ခန့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ "ဂျွန်ဟော့ကင်းတက္ကသိုလ် ကြေငြာချက် - Stay home လုပ်ရုံနဲ့ နောက် ရက် ၂၀ ဆို မြန်မာပြည်မှာ Covid-19 ကင်းစင်ပြီ" ဆိုတဲ့စကြောင်းတစ်ကြောင်းကိုရေးတင်ခဲ့ပါတယ်။ဒါနဲ့ပတ်သတ်တဲ့ အထောက်အထားအကိုးအကားတစုံတရာထည့်သွင်းရေးသားထားခြင်း မရှိပေမယ့်လည်း ဒီပို့စ်ကိုလူပေါာင်းများစွာဝေမျှခဲ့ပါတယ်။လက်ရှိ ဒီ ဖေ့စ်ဘွတ်ပိုစ့် ကို လူပေါင်း ၇၂၀၀ ကျော်က ထပ်ဆင့်မျှဝေခဲ့ကြပြီး လက်ရှိလည်း ထပ်ဆင့်မျှဝေနေဆဲဖြစ်ပါတယ်။

      သတင်းဆန်းစစ်ချက်

      Zaw Oo Maung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်ရေးထားတဲ့ အိမ်ထဲမှာ ရက် ၂၀ နေရင် မြန်မာပြည်မှာ Covid-19 ကင်းစင်မယ်ဆိုတဲ့အချက်ဟာ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က ကြေငြာထားတယ်လို့ ရေးထားပေမယ့် ဒီအချက်အလက်တွေကို ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်ထားခြင်း မရှိသလို တခြား ဘယ်အဖွဲ့အစည်းကမှလည်း ထုတ်ပြန်ထားခြင်း မရှိပါဘူး။

      ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ကြေငြာချက်တွေ ထုတ်ပြန်ချက်တွေကို ဒီ Link မှာ ဖတ်ရှု့နိုင်ပါတယ်။

      ကိုရိုနာ ရောဂါလက္ခဏာဟာ ၁ ရက် ကနေ ၁၄ ရက်အတွင်း ပေါ်လာနိုင်တဲ့ အတွက် နိုင်ငံရပ်ခြားက ပြန်လာသူတွေ ရောဂါပိုး ရှိသူနဲ့ ထိတွေ့ထားသူတွေကို Quarantine ၁၄ ရက် နေထိုင်ဖို့ ကျန်းမာရေး အဖွဲ့အစည်းတွေက လမ်းညွှန်ထားပါတယ်။

      နေအိမ်ထဲမှာ ရက် ၂၀ နေထိုင်ရင် Covid-19 ကင်းစင်မယ်ဆိုပြီး သုတေသနတွေ ပြုလုပ်ထားတာ မရှိသလို ဘယ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းကမှ ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒါဟာ ကောလဟာလ ဖန်တီးရေးသားထားတဲ့အကြောင်းအရာသက်သက်ပဲဖြစ်ပါတယ်။

      ကိုရိုနာဗိုင်းရပ်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်တက်တဲ့ ရောဂါဖြစ်ပြီး နှာချေခြင်း ချောင်းဆိုးခြင်း၊ တံတွေးကနေ တဆင့်ကူးစက်နိုင်တဲ့ တုပ်ကွေးရောဂါ ဗိုင်းရပ်ပိုး ဖြစ်တဲ့အပြင် အရာဝတ္တတွေမှာ ထိကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ် ထိတွေ့ရာမှ တဆင့် ရောဂါကူးစက်နိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

      Covid-19 ရောဂါကို ကာကွယ်နိုင်ဖို့ ဖျားနာ၊ ချေင်းဆိုးနေတဲ့ လူတွေကို ရှောင်ရှားဖို့၊ လူထူထပ်တဲ့ နေရာတွေ ရှောင်ကြဉ်ဖို့၊ မကြာခဏ လက်ကိုစင်ကြယ်အောင် ဆေးဖို့၊ နှာချေချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို လုံအောင် ဖုံးထားဖို့၊ အဟာရပြည့်ဝတဲ့ အစားအစာတွေ စားသောက်ပြီး အိပ်ရေးဝဝ အိပ်စက်ဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက လမ်းညွှန်ထားပါတယ်။

      ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ Covid-19 ဗိုင်းရပ်ရဲ့ ရောဂါလက္ခဏာတွေနဲ့ လမ်းညွှန်ချက်တွေကို ဒီမှာဒေါင်းလုဒ်ရယူဖတ်ရှူနိုင်ပါတယ်။

      Tags

      Corona MyanmarStayhomeFake News
      Read Full Article
      Claim :   Zaw Oo Maung ဖေ့စ်ဘွတ် အကောင့် က အိမ်ထဲမှာ ရက် ၂၀ နေရင် မြန်မာပြည်မှာ Covid-19 ကင်းစင်မယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်က ကြေငြာထားတယ်လို့ ရေးသားထားတာကို Boom Myanmar က အချက်အလက်တွေ စစ်ဆေးပြီး မှားယွင်းကြောင်း ထောက်ပြထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!