BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီဖြစ်စဉ်က မျောက်ကျောက်ရောဂါမဟုတ်ပါ
သတင်းအတု

ဒီဖြစ်စဉ်က မျောက်ကျောက်ရောဂါမဟုတ်ပါ

အနီရောင်အဖုအပိန့်တွေနဲ့ ပြည့်နှက်နေတဲ့ အမျိုးသားတစ်ဦးရဲ့ပုံကို အသုံးပြုပြီး ပြည်တွင်းမှာ မျောက်ကျောက်ရောဂါဖြစ်ပွားနေသယောင်ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခု လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  23 May 2022 9:25 PM IST
  • ဒီဖြစ်စဉ်က မျောက်ကျောက်ရောဂါမဟုတ်ပါ

    ဒီအကြောင်းအရာဟာ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မေလ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု ခုနှစ်ထောင့်ငါးရာကျော် ရှိကာလူပေါင်းများစွာထံပျံ့နှံ့ခဲ့ပါတယ်။

    ဖြန့်ဝေထားတဲ့ပို့စ်မှာ အနီရောင်အဖုအပိန့်တွေနဲ့ ပြည့်နှက်နေတဲ့ အမျိုးသားတစ်ဦးရဲ့ပုံကို အသုံးပြုကာ "သက်ဆိုင်ရာ လူကြီးမင်းများရှင် ကျေးဇူးပြုပီး လက်ရှိ ဒီရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့်ခဏ ပိတ်ထားပေးပါရှင်။ ခုဒီရောဂါထပ်လာမယ်ဆို မြန်မပြည်ကြီးဟာ ခုခေတ်စားနေတဲ့ ငိုတဲ့ video တွေထဲကလို တကယ်ငိုရပါတော့မယ်" လို့ ရေးသားထားတာပါ။ နောက်ပိုင်းမှာ မျောက်ကျောက်ရောဂါ မဟုတ်တဲ့အကြောင်း ပိုစ့်ကို ပြန်လည်ပြင်ဆင်ချက်ထည့်ခဲ့ပေမယ့် ဖြုတ်ချထားခြင်း မရှိပါဘူး။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ ဓါတ်ပုံကို စစ်ဆေးကြည့်ရာ Htin Lin Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ တင်ထားတဲ့ ပုံကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီဓါတ်ပုံနဲ့ ပတ်သတ်ပြီး မူရင်းတင်သူ Htin Lin Aung က မျောက်ကျောက်ရောဂါဖြစ်နေတာ မဟုတ်ကြောင်းနဲ့ ကားအောက်ကို အခင်းမခင်းပဲ ကားဝင်ပြင်တဲ့အတွက် ပေါက်တဲ့ ယားနာများဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားပါတယ်။


    Htin Lin Aung အကောင့်ပိုင်ရှင်ကို BOOM က ဆက်သွယ်မေးမြန်းခဲ့ရာ ပုလဲအရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်ပြီး မူရင်းဓါတ်ပုံမှာလည်း ပုလဲမေတ္တာ အခမဲ့ ဆေးခန်းကို လာပြတဲ့ လူနာတွေရဲ့ ဓါတ်ပုံသာ ဖြစ်ကြောင်း သိရပါတယ်။

    "ကျွန်တော်တို့ ဆီက ကားသမားညီလေးဖြစ်တာ။ အင်ပြင်ထတယ်လို့ ပြောမလား။ ကားအောက်ကို ကားဝင်ပြင်ရင်း မသန့်လို့ ဖြစ်သွားတာပါ။ အခုပြန်သက်သာနေပါပြီ။ သူ့ပုံကြီးယူပြီး ဒီလိုတင်ထားတော့ မကောင်းဘူးပေါ့ဗျာ။" လို့ ကိုထင်လင်းအောင်က ပြောပါတယ်။

    ကိုထင်လင်းအောင်ရဲ့ ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ကမ္ဘာတဝန်းမှာ Monkeypox လို့ခေါ်တဲ့ မျောက်ကနေ ကူးစက်တဲ့ ကျောက်ရောဂါတွေ ပိုပြီးတော့ အဖြစ်များလာလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောကြားထားပါတယ်။ မေလ ၂၁ ရက်နေ့ စနေနေ့အထိ ရရှိထားတဲ့ သတင်းတွေအရာ WHO အဖွဲ့ဝင်နိုင်ငံတွေထဲက ဒီရောဂါဖြစ်လေ့ မရှိတဲ့ နိုင်ငံ (၁၂) နိုင်ငံမှာ ၊ ဒီရောဂါဖြစ်နေသူ (၉၂) ယောက်နဲ့ ရောဂါဖြစ်နေတယ်လို့သံသယရှိသူ (၂၈) ယောက် ရှိတယ်လို့ WHO က ပြောထားကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

    Tags

    Monkeypoxမျောက်ကျောက်ရောဂါDeseasefake imageFakenews
    Read Full Article
    Claim :   အနီရောင်အဖုအပိန့်တွေနဲ့ ပြည့်နှက်နေတဲ့ အမျိုးသားတစ်ဦးရဲ့ပုံကို အသုံးပြုပြီး မျောက်ကျောက်ရောဂါဖြစ်နေသယောင် ရေးသားဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!