BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အဆိုတော်အောင်လ...
      သတင်းအတု

      အဆိုတော်အောင်လ လက်လုပ်ဗုံးစမ်းသပ်စဉ်ပေါက်ကွဲကြောင်း ဖြန့်ဝေတဲ့သတင်းမှား

      အဆိုတော်အောင်လနှင့် ဝိုင်းစုခိုင်သိန်း ပြန်လည်ဖမ်းဆီးခံရတာနဲ့ ပါတ်သတ်ပြီး ဖြန့်ဝေမှုတွေထဲမှာ သတင်းအမှားတွေ ထည့်သွင်းရေးသားမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  27 April 2022 7:46 PM IST
    • အဆိုတော်အောင်လ လက်လုပ်ဗုံးစမ်းသပ်စဉ်ပေါက်ကွဲကြောင်း ဖြန့်ဝေတဲ့သတင်းမှား

      အဆိုတော်အောင်လနဲ့ ဝိုင်းစုခိုင်သိန်းကို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့မှုနဲ့ ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီမှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နှစ်ဦးစလုံးကို ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ အပေါ် စစ်လော်ဘီ ဟန်ငြိမ်းဦးက ကန့်ကွက်ကြောင်း တယ်လီဂရမ် လူမှုကွန်ရက်မှာ လှုံ့ဆော်ခဲ့ပါတယ်။ ဒီနောက် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ တာပါ။

      ဒီလိုဖမ်းဆီးခံခဲ့ရတဲ့ သတင်းကို ဖြန့်ဝေရာမှာ အဆိုတော်အောင်လဟာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သီတဂူဆရာတော်ကြီးရဲ့ ပုံကို ဖိုတိုရှော့နဲ့ မဖွယ်မရာ ဖော်ပြပြီး အစိုးရကို ဆဲဆိုရေးသားနေသူဖြစ်ကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဘို့ လက်လုပ်ဗုံးစမ်းသပ်စဉ် ပေါက်ကွဲမှုလည်း ဖြစ်ခဲ့ဖူးတယ်ဆိုပြီး ထည့်သွင်းရေးသား ဖြန့်ဝေနေတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အောင်လနှင့် ဝိုင်းစုခိုင်သိန်းကို စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အစပိုင်းက ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပါဝင်ခြင်း မရှိတဲ့အတွက် နောက်နောင် နိုင်ငံရေးနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ရေးသားခြင်း မပြုလုပ်ဘို့ ဝန်ခံကတိနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပြီး ဧပြီ ၂၅ ရက်နေ့ ညပိုင်းမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့ အချက်ဟာ မှန်ကန်ပါတယ်။

      ဒါပေမယ့် ဖြန့်ဝေရာမှာ ထည့်သွင်းရေးသားထားတဲ့ အဆိုတော် အောင်လဟာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဘို့ လက်လုပ်ဗုံး စမ်းသပ်စဉ် ပေါက်ကွဲမှုလည်း ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အချက်ဟာ တမင်လုပ်ကြံရေးသား ထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။


      အဆိုတော် အောင်လ လက်လုပ်ဗုံး စမ်းသပ်ရင်း ထိခိုက်မိတယ်ဆိုတာကို ပြီးခဲ့တဲ့ နှစ် ဇူလိုင်လ အတွင်းက ဖြန့်ဝေခဲ့တာဖြစ်ပြီး ဒါဟာ သတင်းအမှား ဖြစ်တယ်ဆိုတာကို သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      အဆိုတော်အောင်လဝိုင်းစုခိုင်သိန်းAung LaWine Su Khine Theinsinger Aung Laအောင်လအဖမ်းခံရဟန်ငြိမ်းဦးFakenewsMilitary Coup
      Read Full Article
      Claim :   အဆိုတော်အောင်လဟာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဘို့ လက်လုပ်ဗုံးစမ်းသပ်စဉ် ပေါက်ကွဲမှု ဖြစ်
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!