BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးနဲ့...
သတင်းအတု

ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးနဲ့ ပါတ်သတ်တဲ့ သတင်းအမှား

မြန်မာနိုင်ငံမှာ လက်ရှိရောက်နေတဲ့ ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး အလက်ဇန်ဒါဖိုမင်ဟာ ရာထူးအဆင့်နိမ့်တဲ့ ဗိုလ်ကြီးအဆင့်သာ ရှိတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  30 March 2021 9:30 PM IST
  • ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးနဲ့ ပါတ်သတ်တဲ့ သတင်းအမှား

    ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးနဲ့ ပါတ်သတ်တဲ့ သတင်းအမှားရေးသားဖြန့်ဝေနေမှုတွေကို မတ်လ ၂၆ ရက်နေ့ကတည်းက ဖြန့်ဝေနေတာဖြစ်ပြီး နောက်ပြောင်ဖြန့်ဝေနေတာတွေ ရှိသလို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အချက်အလက်အမှားတွေ ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေထဲမှာ "အောက်ခြေက ဘာသောက်ဆင့်မှ မရှိတဲ့ကောင်ကို ခေါ်ပြတာလား။ ငါတို့ လူထုတောင်သိရင် လင်းယုန် ကြီးကမသိစရာမရှိဘူးနော်။ ရုရှားလူမျိုး မိတ်ဆွေတွေမေးကြည့်လိုက်တာ ဒီကောင်တွေ သိလားလို့ဆိုပြီး။ မသိဘူးတဲ့ ဒုကာကွယ်ရေးဝန်ကြီးလည်း မဟုတ်သလို ရာထူးအဆင့်အရမ်းနှိမ့်တဲ့ကောင်တွေပဲတဲ့။ စခန်းမှူးလောက်ပဲ အဆင့်ရှိတဲ့ ကောင်တွေတဲ့။ စစ်တပ်ရာထူးနဲ့ပြောရရင် တပ်ရေးဗိုလ်ကြီးလောက် အဆင့်ကောင်တွေ" ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

    ဒါဟာ သတင်းအမှားဖြစ်တဲ့အကြောင်း မြင်တာနဲ့ သိနိုင်တယ်ဆိုပေမယ့် ဒီပိုစ့်တွေအောက်က မှတ်ချက်ပေးသူ တချို့ကတော့ အမှန်ထင်ပြီး ရေးသားပြောဆိုနေတာ တွေ့ရပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    သတင်းအမှားအမှန် ဆန်းစစ်ရန် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးရဲ့ အချက်အလက်ကို အွန်လိုင်းပေါ်မှာ အလွယ်တကူ ရှာဖွေနိုင်ပြီး ကမ္ဘာတဝန်းက သတင်းဌာနတွေရဲ သတင်းတွေမှာလည်း ရှာဖွေကြည့်ရှု့နိုင်ပါတယ်။

    ရုရှား ဒုကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒား ဖိုမင် တပ်မတော်နေ့ အခမ်းအနားတက်ရောက်ခြင်းကို ဧရာဝတီသတင်းဌာန အပါအဝင် အခြားယုံကြည်ရတဲ့ သတင်းဌာန အသီးသီးမှာ မတ်လ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။


    ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပါတ်သတ်ပြီး ဧရာဝတီ သတင်းဌာနနဲ့ ဘီဘီစီ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    တပ်မတော်နေ့ အခမ်းအနားMilitary CoupMilitary Coup MyanmarFalsenewsRussia
    Read Full Article
    Claim :   မြန်မာနိုင်ငံမှာ လက်ရှိရောက်နေတဲ့ ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး အလက်ဇန်ဒါဖိုမင်ဟာ ရာထူးအဆင့်နိမ့်တဲ့ ဗိုလ်ကြီးအဆင့်သာ ရှိတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ သတင်းအမှားဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!