BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဘီးနံပါတ် OK122L သီချင်းနဲ့...
      သတင်းအတု

      ဘီးနံပါတ် OK122L သီချင်းနဲ့ ပတ်သက်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

      ဆရာစိုင်းခမ်းလိတ် ရေးသားခဲ့တဲ့ ဘီးနံပါတ် OK122L သီချင်းက ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မှုကို ရည်ရွယ်ရေးစပ်ခဲ့တာဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ အချက်အလက်အမှားသာ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  31 Aug 2022 10:03 AM IST
    • ဘီးနံပါတ် OK122L သီချင်းနဲ့ ပတ်သက်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

      ဒီအကြောင်းအရာကို G Fatt ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာ ထပ်မံဖြန့်ဝေလာကြတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ဘီးနံပါတ် Ok 0122 L အဓိပ္ပါယ်။ ဆရာစိုင်းခမ်းလိတ် ရေးစပ်ခဲ့တဲ့ မေမြို့မိုးသီချင်း၊ သံလွင်ချောင်းခြားသီချင်း၊ ရန်ကုန်မှာ သာတဲ့လသီချင်းနဲ့ ဘီးနံပါတ် OK122L သီချင်း အချစ်သီချင်းတွေဟာ အချစ်အကြောင်း ဖွဲ့ဆိုထားတာ မဟုတ်ပဲ နိုင်ငံရေးနဲ့ ဆက်စပ်ဖွဲ့ဆိုထားခြင်းသာ ဖြစ်ကြောင်း ရေးသားထားတာပါ။

      ဘီးနံပါတ် Ok 0122 L သီချင်းဟာ ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ထားတာဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးရင် ပေးမယ်ဆိုတဲ့ ဖက်ဒရယ်ကို ပြန်လိုချင်ပါတယ်လို့ ဆိုလိုတာဖြစ်ကြောင်းနဲ့ ရှမ်းတွေရဲ့ ခံစားချက်ကို ပိုပြီး နားလည်လာရကြောင်းတွေ လုပ်ကြံရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဘီးနံပါတ် Ok 0122 L သီချင်းနဲ့ ပတ်သက်ပြီး ခုဖြန့်ဝေနေတာတွေဟာ အချက်အလက်အမှားတွေသာ ဖြစ်ပါတယ်။

      ဘီးနံပါတ် Ok 0122 L သီချင်းဟာ ဆရာစိုင်းခမ်းလိတ်နဲ့ သူ့ဇနီး ဒေါ်နွဲ့တင် ရည်းစားဘဝက စီးခဲ့တဲ့ စက်ဘီးနံပါတ် OK0122L ကို ရည်ရွယ်တာဖြစ်ကြောင်း၊ ထိုစက်ဘီးလေး ပျောက်သွားတဲ့အတွက် ရေးစပ်ခဲ့တာဖြစ်ကြောင်း၊ ဒီအကြောင်းကို ဆရာစိုင်းခမ်းလိတ်ရဲ့ အခင်ဆုံးသူငယ်ချင်း ဦးတင်ဝင်း(ဆေး/မန်း) က ပြန်လည်ပြောပြခဲ့တယ်လို့ ဂီတနဲ့ ပတ်သက်တဲ့အကြောင်းတွေ ရေးသားလေ့ရှိတဲ့ မိုနိုလေးက သူ့ရဲ့ 'သိက္ခာရှိတဲ့မှတ်တမ်း' ဆိုတဲ့ ဆောင်းပါးမှာ ရေးသားခဲ့တာပါ။


      ဆရာစိုင်းခမ်းလိတ်နဲ့ အင်တာဗျူးကို မိုနိုလေးက ၂၀၁၀ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့က ICT Park ထဲက Living Songs ရိုက်ကွင်းမှာ ပြုလုပ်ခဲ့တာလို့ ဆောင်းပါးထဲမှာ ရေးထားပါတယ်။ ရိုက်ကွင်းမှာ တေးရေးဆရာတွေဖြစ်တဲ့ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ မောင်သစ်မင်းရယ်၊ Icon အယ်ဒီတာ ကိုဝေးခေါင်တို့ ရှိတယ်လို့ ရေးထားပါတယ်။

      ဒီအင်တာဗျူး ဆောင်းပါးကို ဂီတသတင်းတွေ ရေးသားဖော်ပြတဲ့ ဂီတနယ်ပယ်ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပြန်လည်ဖော်ပြခဲ့ပြီး တေးရေးမြင့်မိုးအောင်က ပြန်လည်ဖြန့်ဝေထားပါသေးတယ်။

      ဂီတနယ်ပယ် မှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ တေးရေးမြင့်မိုးအောင် ပြန်လည် ဖြန့်ဝေထားတာကိုတော့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      တေးရေးဆရာတွေ ရေးစပ်ခဲ့တဲ့ သီချင်းတွေကို လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်ဆိုမှုတွေဟာ ချဲ၊ နှစ်လုံးထီတွေ တွက်သလို ထွက်ပြီးသား နံပါတ်တွေကို တွက်နည်းနဲ့ အတင်းကိုက်နေတာမျိုးသာ ဖြစ်ပြီး အထောက်အထား မရှိတဲ့ အချက်အလက်အမှားတွေသာ ဖြစ်ပါတယ်။

      ပြီးခဲ့တဲ့နှစ်ကလည်း တေးရေးဆရာ စိုင်းခမ်းသီ ဖန်တီးခဲ့တဲ့ မောင့်အရိုင်းပန်း သီချင်းနဲ့ ပတ်သက်ပြီး အချက်အလက်အမှားတွေ ဖြန့်ဝေခဲ့တဲ့အပေါ် BOOM က သတင်းဆန်းစစ်ခဲ့ပါသေးတယ်။


      BOOM ရဲ့ သတင်းဆန်းစစ်မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      Song BurmeseSong reviewmusicMilitary councilsong composerSingerဘီးနံပါတ် OK122Lပြည်ထောင်စုနေ့ပင်လုံစာချုပ်
      Read Full Article
      Claim :   ဆရာစိုင်းခမ်းလိတ် ရေးသားခဲ့တဲ့ ဘီးနံပါတ် OK122L သီချင်းက ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မှုကို ရည်ရွယ်ရေးစပ်ခဲ့ခြင်းဖြစ်
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!